Wednesday, June 17, 2020

ပြင်သစ်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောသည် ပြင်ဆင်မွမ်းမံ မှုလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း မတော်တဆမီးလောင်မှုဖြစ်ပွား

ပြင်သစ်ရေတပ်သည် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဖြစ်သည့် Perle အား ပြုပြင်မွမ်းမံမှုလုပ်ငန်းများဆောင်ရွက်ရန် ပြင်သစ်နိုင်ငံတောင်ပိုင်း Toulon ရေတပ်အခြေစိုက်စခန်းရှိ လွန်းကျင်းတွင်ထားရှိစဉ် မတော်တဆမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ပြင်သစ်ရေတပ်မှ တရားဝင်သတင်းထုတ်ပြန် ကြေညာခဲ့ပါသည်။
အဆိုပါမီးလောင်မှုအား ၁၄ နာရီကြာအောင် မီးသတ်သမား ၁၀၀ ကျော်နှင့် ရေယဦဉ်အမှုထမ်း ၁၅၀ ကျော်တို့မှ စုပေါင်း မီးငြိမ်းသတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။
ထိုကဲ့သို့ မီးလောင်ကျွမ်းမှုတွင် ရေယာဉ်ပေါက်၌ နျူကလီးယားလောင်စာများ၊ ပေါက်ကွဲနိုင်သောပစ္စည်းများ၊ ဒုံးပျံများ၊ တော်ပီဒိုများ၊ လက်နက်ခဲယမ်းများနှင့် ဘက်ထရီများ မရှိခြင်းကြောင့် မီးလောင်ကျွမ်းမှုအား ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
ပြင်သစ်ရေတပ်အနေဖြင့် အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ အသေးစိတ် အခြေအနေများနှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးအား သတင်းထုတ်ပြန်မှု မရှိကြောင်း တွေ့ရှိရပါသည်။ အဆိုပါ စစ်ရေယာဉ်သည် Rubis အတန်းအစား နြူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောဖြစ်သည့်အတွက် မီးလောင်မှုဖြစ်ပွားစဉ် လောင်စာများ၊ ဓာတ်ပေါင်းဖိုများရှိပါက ပိုမိုဆိုးရွားသော အခြေအနေဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။
Source : Naval News
Crd : Mg Moe #Myanmar_Online_News

0 comments:

Post a Comment