Wednesday, June 17, 2020

လာမည့် ဇွန်လ ၂၁ ရက်တွင် နေမီးကွင်းကြတ်ခြင်းကို မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသများမှ အကောင်းဆုံးမြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရ

မြန်မာနိုင်ငံ မြောက်ဖျားပိုင်းဒေသ များ၌ ဇွန်လ ၂၁ ရက်တွင် နေမီးကွင်း ကြတ်ခြင်းကို အကောင်းဆုံးမြင်တွေ့နိုင်ကြောင်း ဦးသန်းဦး(အာကာသနှင့် စကြ၀ဠာသင်ထောက်ကူ)ထံမှ ဇွန်လ ၁၅ ရက် ကသိရသည်။
အဆိုပါနေမီးကွင်းပုံစံကြတ်ခြင်း (Annular solar eclipse)ကို မြန်မာ နိုင်ငံမြောက်ဖျားပိုင်းအပါအဝင် အာရှနှင့် အရှေ့တောင်အာရှဒေသအများအပြား တွင် မြင်တွေ့နိုင်မှာဖြစ်ကြောင်းသိရပြီး ၎င်းနေကြတ်မည့်အချိန်မှာ ၂၀၂၀ ပြည့် နှစ် ဇွန်လ ၂၁ ရက် နေ့လယ် ၁၂ နာရီ ၂၆ မိနစ်အချိန်မှ ညနေ ၃ နာရီ ၂၆ မိနစ် အချိန်ကာလအထိဖြစ်ကြောင်း လေ့လာ သူများအနေဖြင့် မြင်တွေ့နိုင်ကြောင်း သိရသည်။
အဆိုပါနေမီးကွင်းကြတ်ခြင်းကို သာမန်မျက်စိဖြင့်ကြည့်ရှုပါက မျက်စိကွယ်နိုင်လောက်သည့်အထိ အန္တရာယ် ကြီးမားနိုင်ခြင်းကြောင့် နေကြတ်ခြင်း ကြည့်သည့်မျက်မှန်ဖြင့်သာ ကြည့်ရှုသင့် ကြောင်းသိရပြီး နေကြတ်ခြင်းမှာ လ၏အဝေးဆုံးနေရာရောက်ရှိချိန် (Apogee)နှင့် လကွယ်ရက်နေကြတ်ချိန် တိုက်ဆိုင် သွားသည့်အတွက် လမှ နေကိုအပြည့်အဝ မပိတ်နိုင်ဘဲ နေ၏အတွင်းထဲသို့ ဝင်ပိတ် သွားခြင်းကြောင့် နေ၏ဘေးသားများ မီး တောက်(မီးကွင်း)သဏ္ဌာန်ဖြစ်သွားခြင်း ကို ဆိုလိုခြင်းဖြစ်ကြောင်းနှင့် နေကြတ် ခြင်းဖြစ်စဉ်မှာ လကွယ်နေ့တွင်သာဖြစ် တတ်ပြီး လကြတ်ခြင်းက လပြည့်နေ့မှာ သာဖြစ်လေ့ရှိကြောင်း ဦးသန်းဦး(အာကာ သနှင့် စကြ၀ဠာသင်ထောက်ကူ)ထံမှသိရသည်။
Crd : PyiMyanmar

0 comments:

Post a Comment