Tuesday, June 23, 2020

ရခိုင်ဒေသတွင် စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်နှင့် လူမျိုးရေးအမုန်းတရားများကြောင့် အင်တာနက်ပိတ်ပင်ထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောကြား

လက်ရှိတိုက်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ထားခြင်းသည် လူမှုကွန်ရက်များတွင် စစ်ရေးဆိုင်ရာလျှို့ဝှက်ချက် ပေါက်ကြားခြင်း၊ လူမျိုးရေးရာ အမုန်းတရားများ လှုံ့ဆော်ခြင်းများကြောင့် တပ်မတော်က အဆိုပြု ပိတ်ပင်ထားခြင်းဖြစ်ပြီး ပြန်ဖွင့်ရန် မရှိသေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
"(အင်တာနက်ပြန်ဖွင့်ဖို့ ) အဆိုပြုစရာအကြောင်းမရှိပါဘူး။ စစ်ရေးဆိုင် ရာ လျှို့ဝှက်ချက်တွေ တက်တယ်။ လူမျိုးရေးရာ အမုန်းတရားနဲ့ပတ်သက်ပြီး လှုံ့ဆော်မှုတွေရှိလာတယ်။ ဒီဟာတွေ သည် စစ်ရေးပဋ္ဋိပက္ခ တွေနဲ့ ပိုပြီးတော့ အမုန်းတရား အစွန်းတရားတွေ ပိုပြီးများလာတယ်။ အဲဒါကြောင့် ပိတ်ပင်တာဖြစ်ပါတယ်။ အခုထက်ထိလည်း တွေ့နေရတယ်။ စစ်ကြောင်းကတော့ ဘယ်နေရာကနေ ဘယ်နေရာကိုသွားနေတယ်ဆိုတာမျိုးတွေပေါ့။ ဒါကြောင့်မို့လို့ လုံခြုံရေးဆိုင်ရာနဲ့တင်ပြပြီး ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားပြောဆိုလိုက်ခြင်းဖြစ်သည်။
Crd : တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ #Myanmar_Online_News

0 comments:

Post a Comment