Sunday, June 21, 2020

ကိုယ်ပိုင်ကျောင်းများ ဖွင့်ခွင့်ပြုသော်လည်း ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ ပြန်ဖွင့်ခွင့်မပြုသေး

ဇူလိုင် ၂၁ ရက်မှစကာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများကို ဖွင့်ခွင့်ပြုသော်လည်း ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းများ ပြန်ဖွင့်ခွင့်မပြုသေးကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဇွန်လ ၂၀ ရက်တွင် ပြောသည်။
အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများကို ဇူလိုင် ၂၁ ရက်မှစကာ အထက်တန်းအဆင့်အတန်းနှစ်တန်း စတင်ဖွင့်လှစ်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ခွင့်ပြုထားသော်လည်း ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများကို ဖွင့်ခွင့်မပြုထားသေးကြောင်း ၎င်းကရှင်းပြသည်။
ဖွင့်ခွင့်ပြုခြင်း၊ မပြုခြင်းက ပညာရေးဝန်ကြီးဌာနနဲ့ မဆိုင်ဘူး။ သာမန်အချိန်တွေဆို အစိုးရကျောင်း၊ ဘကကျောင်း၊ ကိုယ် ပိုင်ကျောင်းတွေဖွင့်ရင် အဲဒီကျူရှင်တွေလည်း ဖွင့်ပြီ။ အခုက ကိုဗစ်ကာလဖြစ်နေတော့ သာမန် အခြေအနေမဟုတ်တော့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ဖြေလျှော့မှုအပေါ်မူတည်ပြီး ကျွန် တော်တို့က အလုပ်လုပ်ရတာ။ သူတို့ ဖြေလျှော့မှုပေါ်မူတည်ပြီး ပညာရေးဝန်ကြီးဌာနကနေ အခြေခံပညာဦးစီးဌာနကို ဒီကျောင်းတွေကို ဖွင့်ခွင့်ပေးပါပြီ်ဆိုတော့မှ လိုက်ဖွင့်ရတာပါ။ လတ်တလောတော့ မပါသေးဘူးပေါ့’’ဟု ဒေါက်တာတင်မောင်ဝင်းကပြောသည်။
ထိုသို့ ဖွင့်ခွင့်မပြုသေးခြင်းကြောင့် ငွေကြေးအခက်အခဲရှိ၍ ကိုယ်ပိုင်ကျောင်းမတက်နိုင်ဘဲ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများတွင် တက်ရမည့် ကျောင်းသားကျောင်းသူများ အခက်အခဲတွေ့နိုင်ပြီး တရားဝင်မှတ်ပုံတင်ဖွင့်သည့် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းများလည်း စီးပွားရေးအရ အခက်တွေ့နိုင်ကြောင်း အဆိုပါ သင်တန်း ကျောင်း တည်ထောင်ထားသူများ က ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးလမ်း ညွှန်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးပြီး ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများနည်းတူ ဖွင့်ခွင့်ပြုရန် ဘာသာရပ်သင်ကိုယ်ပိုင်သင် တန်းတည်ထောင်သူများက မြို့ နယ်အလိုက် သဘောထားကြေ ညာချက်များ ထုတ်ပြန်တောင်း ဆိုထားသည်။
မန္တလေးတိုင်းဒေသကြီးမှ ဘာသာရပ်သင် ကိုယ်ပိုင်သင် တန်းတည်ထောင်သူ ဦးမြတ်ထွန်း က ‘‘ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတက်နိုင်တဲ့ကလေးက လူ ၁၀၀ မှာ အများဆုံး အယောက် ၃၀ ပဲ။ ကျန်တဲ့ကလေးက အ ပြင်ကျူရှင် ဝိုင်းတွေ၊ ဒီဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းတွေပဲ အားကိုးနေရတာ။ သင်တန်းတွေကလည်း ပညာရေးမှူးရုံးမှာ မှတ်ပုံတင် ထားရတာပဲ။ ကိုယ်ပိုင်ကျောင်း မှာလိုပဲ စာသင်ခန်းထဲ သင်ရတာ ပဲ။ ဘော်ဒါတွေလည်း မဟုတ်ဘဲ ဖွင့်ခွင့်မပြုတာပါ။ ပြန်စဉ်းစား ပေးဖို့ တောင်းဆိုချင်ပါတယ်’’ဟု ပြောသည်။
ဘာသာရပ်သင် ကိုယ်ပိုင် သင်တန်းများ ပြန်ဖွင့်ခွင့်ရရေး အတွက် လွှတ်တော်ကိုယ်စား လှယ်အချို့က ပညာ ရေးဝန်ကြီး ဌာနနှင့် ဆွေးနွေးထားမှုရှိသော် လည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီက ခွင့်ပြုမှ သာ ဖွင့်ခွင့်ရမည်ဟု ဒေါက်တာ တင်မောင်ဝင်းက ဆိုသည်။
Ref ; 7Day

0 comments:

Post a Comment