Monday, June 15, 2020

မလေးရှားက ပြန်လာမည့် မြန်မာတွေ ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်ပြဖို့လို

မလေးရှားနိုင်ငံက လာမယ့် ဇွန်လ ၁၇ ရက်နေ့ မှာ မြန်မာအစိုးရရဲ့ အစီအစဉ်နဲ့ ပြန်လည်ခေါ်ယူ ဖို့ရှိတဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့လိုက်ပါမယ့်သူတွေဟာ ကိုဗစ် ၁၉ ကင်းရှင်းကြောင်း မလေးရှားအစိုးရရဲ့ ဆေးစစ်ချက်တင်ပြဖို့ လိုတယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
လေကြောင်းလိုင်းရဲ့ လိုအပ်ချက်အရ အခုလို ဆေးစစ်ချက် တောင်းခံထားတာ ဖြစ်ပြီးတော့ လူပေါင်း ၁၄၅ ဦးလိုက်ပါခွင့်ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အခုအစီအစဉ်ဟာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ တတိယအကြိမ်မြောက် ပြန်လည်ခေါ်ယူတာဖြစ်ပြီး အရင် အခေါက်တွေကတော့ အခုလို ကိုဗစ် ၁၉ ကင်းရှင်းကြောင်း တောင်းခံတာ မရှိခဲ့ပါဘူး။
လေယာဉ်နဲ့လိုက်ပါခွင့်ရသူတွေဟာ နှာခေါင်းစည်းတပ်ပြီး လိုက်ပါစီးနင်းရမှာ ဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါနဲ့ ပတ်သက်ပြီး သံသယရှိခံရရင် လိုက်ပါခွင့်ရမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုဆိုရင် မလေးရှားကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်ပို့တာဟာ မေလ ၂၀ ရက်နေ့အထိ စုစုပေါင်း ၅၉ဝ ကျော် ရှိနေပြီလို့ မြန်မာသံရုံး ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။
Ref ; Popolay

0 comments:

Post a Comment