Tuesday, June 16, 2020

နိုင်ငံ့ဝန်ထမ်းများကို လစာ၊ ခရီးစရိတ်နှင့် နေအိမ်များ လိုင်းခန်းများပေးထားပြီး ချေးငွေထုတ်ချေးပေးရန် အစီအစဉ်မရှိသေးဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုဝန်ကြီးပြော

နေပြည်တော်ရှိ ပြန်ကြားရးဝန်ကြီးဌာနတွင် ဇွန်လ ၁၅ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦးက ကိုဗစ်ကာလတွင် မီတာခ အဆမတန် မြင့်တက်လာမှုနှင့်အတူ အစိုးရဝန်ထမ်းများ အခက်အခဲ ကြုံတွေ့နေရသည့်အတွက် နိုင်ငံ့ဝန်ထမ်းများကို ချေးငွေထုတ်ချေးပေးရန် အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောသည်။
"နိုင်ငံဝန်ထမ်းမများ အချိန်တန်လို့ ထိုင်သင့်တဲ့လုပ်သက်တွေအရ ထိုက်သင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကိုလည်း လျှောက်ထားခွင့်ရှိပါတယ်။ တာဝန်ထမ်းဆောင်ရင်း နာမကျန်းရင် နာမကျန်းပင်စင်၊ သက်ပြည့်ပင်စင်၊လုပ်သက်ပင်စင်တွေငိုလည်း ဆောင်ရွင်ပေးလျှက် ရှိပါတယ်။ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ဘဏ်တွေမှာ ဝန်ထမ်းအပါအဝင် ပြည်သူများကို ငွေချေးနိုင်ဖို့အတွက် ပိုင်ဆိုင်မှုအထောက်အထားပြပြီး ချေးဌားလို့ရပါတယ်။ အတိုးနှုန်းတွေကိုလည်းလျှော့ချထားပြီး ဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းများအတွက် သပ်သပ်တော့ ချေးငွေထုတ်ပေးဖို့ လောလောဆယ်မှာတော့ စီမံထားခြင်း မရှိပါဘူး။ "ဟု ဒုဝန်ကြီးကပြောသည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများကို လစာ၊ ခရီးစရိတ်နှင့် နေအိမ်များ လိုင်းခန်းများပေးထားပြီးဖြစ်ကြောင်း ၄င်းကပြောသည်။
Ref-News Watch #Myanmar_Online_News
>>zawgyi<<
နိုင်ငံ့ဝန်ထမ်းများကို လစာ၊ ခရီးစရိတ်နှင့် နေအိမ်များ လိုင်းခန်းများပေးထားပြီး ချေးငွေထုတ်ချေးပေးရန် အစီအစဉ်မရှိသေးဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုဝန်ကြီးပြော
Tuesday, June 16, 2020
နေပြည်တော်ရှိ ပြန်ကြားရးဝန်ကြီးဌာနတွင် ဇွန်လ ၁၅ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦးက ကိုဗစ်ကာလတွင် မီတာခ အဆမတန် မြင့်တက်လာမှုနှင့်အတူ အစိုးရဝန်ထမ်းများ အခက်အခဲ ကြုံတွေ့နေရသည့်အတွက် နိုင်ငံ့ဝန်ထမ်းများကို ချေးငွေထုတ်ချေးပေးရန် အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောသည်။
"နိုင်ငံဝန်ထမ်းမများ အချိန်တန်လို့ ထိုင်သင့်တဲ့လုပ်သက်တွေအရ ထိုက်သင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကိုလည်း လျှောက်ထားခွင့်ရှိပါတယ်။ တာဝန်ထမ်းဆောင်ရင်း နာမကျန်းရင် နာမကျန်းပင်စင်၊ သက်ပြည့်ပင်စင်၊လုပ်သက်ပင်စင်တွေငိုလည်း ဆောင်ရွင်ပေးလျှက် ရှိပါတယ်။ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ဘဏ်တွေမှာ ဝန်ထမ်းအပါအဝင် ပြည်သူများကို ငွေချေးနိုင်ဖို့အတွက် ပိုင်ဆိုင်မှုအထောက်အထားပြပြီး ချေးဌားလို့ရပါတယ်။ အတိုးနှုန်းတွေကိုလည်းလျှော့ချထားပြီး ဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းများအတွက် သပ်သပ်တော့ ချေးငွေထုတ်ပေးဖို့ လောလောဆယ်မှာတော့ စီမံထားခြင်း မရှိပါဘူး။ "ဟု ဒုဝန်ကြီးကပြောသည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများကို လစာ၊ ခရီးစရိတ်နှင့် နေအိမ်များ လိုင်းခန်းများပေးထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။
Ref-News Watch #Myanmar_Online_News

0 comments:

Post a Comment