Friday, June 19, 2020

အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အာဆီယံဒေသ၌ အမြင့်ဆုံး ဖြစ်နေ

အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁,၃၃၁ ဦးအထိ ထပ်မံတွေ့ရှိပြီး လူပေါင်း ၆၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။ ယခုအခါ ယင်းနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်းသည် ၄၂,၇၆၂ ဦး အထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
အဆိုပါ ကိန်းဂဏန်းက ပြည်တွင်း၌ ဗိုင်းရပ်စ် ကူးစက်မှု စဖြစ်ခဲ့ပြီးနောက် တစ်နေ့တာအတွင်း အများဆုံးသော ကူးစက်သူဦးရေ ပမာဏ တိုးလာခြင်း ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးသူဦးရေသည် ၂,၃၃၉ ဦး ရှိနေပြီး တရုတ်ပြင်ပ အရှေ့အာရှဒေသ၌ အမြင့်ဆုံးသော သေဆုံးမှုနှုန်း ဖြစ်နေသည်။
အလားတူ အင်ဒိုနီးရှားသည် ယမန်နေ့ ဇွန်လ ၁၇ ရက်က စင်ကာပူကို ကျော်တက်ပြီး အရှေ့တောင်အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံး နိုင်ငံအဖြစ် ရပ်တည်နေခဲ့ပြီဖြစ်သည်။
>>zawgyi<<

0 comments:

Post a Comment