Tuesday, June 9, 2020

၂၀၂၀ ရွေးကောက်ပွဲ သမ္မတ နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပြန်ကြားရေးကော်မတီမှ မုံရွာအောင်ရှင်က အတည်ပြု ပြောဆိုသည်။
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသော်လည်း မည်သည့်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည်ကို မသိရသေးပေ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။
"လာမယ့်ရွေးကောက်ပွဲမှာ သမ္မတရော ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရော ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်မဲဆန္ဒနယ်က ဝင်ပြိုင်မယ်ဆိုတာကတော့ မသိရသေးပါဘူး။အရင်တုန်းက နေရာကပဲဖြစ်ချင်လည်း ဖြစ်မယ်။ ဒါတော့ ပြောမရသေးဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ကတော့ လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်နေရာတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ"ဟု မုံရွာအောင်ရှင်က ပြောဆိုထားသည်။
ပထမအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပခဲ့ပြီး ၊ မကျင်းပမီ ၂ လနှင့် ၂၄ ရက်အလိုတွင် ကြိုတင်ကြေညာခဲ့သည်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပခဲ့ပြီး မကျင်းပမီ လေးလအလိုတွင် ကြေညာပေးခဲ့သည်။ ယခု ၂၀၂၀ တွင်ကျင်းပမည့် တ တိယအကြိမ် ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကိုမူ ရွေးကောက်ပွဲကော်မရှင် (UEC) က အတိအ ကျမထုတ်ပြန်ထားသော်လည်း နိုဝင်ဘာလအတွင်း၌ပင် ပြုလုပ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော ရေးဆိုခွင့်ရှိသူက ပြောဆိုထားသည်။
NLD ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးရှေ့ပြေးလုပ်ငန်း စဉ်အဖြစ် မြို့မိမြို့ဖရွေးချယ်ခြင်းကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများအား ဇွန်လနောက်ဆုံးထားပြုလုပ်သွားမည်ဖြစ်သည်။
လက်ရှိတွင် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော် လည်း လက်ရှိ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအားလုံး ရွေးကောက်ပွဲပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ မရှိ အတွက် မှတ်ချက်ပြုရန် စောနေသေးကြောင်း မုံရွာအောင်ရှင်က ပြောဆိုထားသည်။
Ref ; The Myanmar Times

0 comments:

Post a Comment