Monday, June 22, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ပိတ်မိနေသော ရုရှားနိုင်ငံသား ၁၉ ဦးအား ခေါ်ဆောင်သွားခဲ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ရုရှားနိုင်ငံသား ၁၉ ဦးအား တစ်ပါတည်းခေါ်ဆောင်သွားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ ထုတ်ပြန်လိုက်သည်။
အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ် ဆိုင်းငံ့ခဲ့သဖြင့် မြန်မာနိုင်ငံတွင်ပိတ်မိနေသော ရုရှားနိုင်ငံသားများမှ နေရပ်ပြန်ရန် ဆန္ဒရှိနေသာ ရုရှားနိုင်ငံသား ၁၉ ဦးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်နှင့်အတူ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယင်းကဲ့သို့ လိုက်ပါခွင့်ရသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် Myanmar Airways International အား အထူးပင်ကျေးဇူးတင်ရှိကြောင်း ရုရှားသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် Victory Day of Great Patriotic War (1941-1945) စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ ရုရှားဖက် ဒရေးရှင်း နိုင်ငံသို့ ထွက်ခွာသွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Sources: Embassy of Russia in Myanmar, တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
>>zawgyi<<
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ပိတ်မိနေသော ရုရှားနိုင်ငံသား ၁၉ ဦးအား ခေါ်ဆောင်သွားခဲ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားဖက် ဒရေးရှင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ရုရှားနိုင်ငံသား ၁၉ ဦးအား တစ်ပါတည်း ခေါ်ဆောင်သွားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံရုံးမှ ထုတ်ပြန်လိုက်သည်။ အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ် ဆိုင်းငံ့ခဲ့ သဖြင့် မြန်မာနိုင်ငံတွင်ပိတ်မိနေသော ရုရှားနိုင်ငံသားများမှ နေရပ်ပြန် ရန် ဆန္ဒရှိနေသာ ရုရှားနိုင်ငံသား ၁၉ ဦးအား တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ၏ ရုရှားနိုင်ငံခရီးစဉ်နှင့်အတူ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယင်းကဲ့သို့ လိုက်ပါ ခွင့်ရသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး နှင့် Myanmar Airways International အား အထူး ပင်ကျေးဇူး တင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း တပ်မတော် Fokker 70 လေယာဉ်ဖြင့် နီပေါနိုင်ငံတွင် ပိတ်မိနေသော မြန်မာနိုင်ငံသား ၄၁ ဦးကို သွားရောက်ခေါ်ယူ ခဲ့ပြီး အဆိုပါလေယာဉ် နီပေါသို့ထွက်ခွာစဉ် မြန်မာနိုင်ငံတွင် ပိတ်မိနေသော နီပေါနိုင်ငံသားများကိုလည်း လူသားချင်းစာနာစိတ်ဖြင့် တစ်ပါတည်း ကူညီခေါ် ဆောင် သွားခဲ့ကြောင်း သိရသည်။ အလားတူ မေလ ၂၇ ရက်နေ့ ကလည်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ပိတ်မိနေသော သံဃာနှင့် လူပုဂ္ဂိုလ် ၈၀ ဦးကို တပ်မတော်နှင့် သီတဂူ ဆရာတော်ဘုရားကြီးတို့ ပူးပေါင်းကာ ပြန်လည်ခေါ်ယူ ခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် Victory Day of Great Patriotic War (1941-1945) စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ ရုရှားဖက် ဒရေးရှင်း နိုင်ငံသို့ ထွက်ခွာသွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Sources: Embassy of Russia in Myanmar, တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment