Monday, June 15, 2020

ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ထားမှုများကို ဖြေလျှော့ရန် ဆုံးဖြတ်ခဲ့ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးပြောကြား

ဂျပန်အစိုးရသည် Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် သတ်မှတ်ထားသည့် ပြည်ဝင်ခွင့်ပိတ်ပင်မှုများကို ဖြေလျှော့ရန် ဆုံးဖြတ်ခဲ့သည်ဆိုသော သတင်းမှာမမှန်ကန်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi မှ ဇွန်လ ၁၅ ရက် နေ့က ပြောကြားခဲ့ပါသည်။
လွန်ခဲ့သော ရက်သတ္တပတ်တွင် Yomiuri နေ့စဉ်သတင်းစာမှ ဂျပန်နိုင်ငံသည် လာမည့်လအနည်းငယ်အတွင်း ဩစတြေးလျ၊ နယူးဇီလန်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ မှ/ သို့ ခရီးစဉ်များကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
ဂျပန်အစိုးရသည် ပြည်ဝင်ခွင့်ပိတ်ပင်ထားမှုများကို ဖြေလျှော့ရန် အကြောင်းအရာ မျိုးစုံကို ထည့်သွင်းစဉ်းစားလျက်ရှိပြီး နည်းလမ်းများ ဆန်းစစ်နေကြောင်း၊ အကယ်၍ ဖြေလျှော့ရန် ဆုံးဖြတ်ခဲ့ပါက ကန့်သတ်ချက်များကို အဆင့်ဆင့်လျှော့ချမည်ဖြစ်ကြောင်း Motegi မှ ပါလီမန်တွင် ပြောကြားခဲ့ပါသည်။
Motegi သည် ခရီးသွားလာမှုအပေါ် ပြန်လည်ခွင့်ပြုပေးရေးနှင့်ပတ်သက်၍ ဗီယက်နမ်၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးရန် သဘောတူလက်ခံခဲ့ပါသည်။
Ref ; Reuters #Myanmar_Online_News

0 comments:

Post a Comment