Tuesday, June 16, 2020

ကိုရိုနာအလွန်မှာ အိန္ဒိယနဲ့မြန်မာ ကုန်သွယ်ရေးကျယ်ပြန့်ဖို့ ရည်ရွယ်

ကိုရိုနာဗိုင်းရပ်စ်ကာလ အလွန်မှာ အိန္ဒိယနဲ့‌ မြန်မာကုန်သွယ်ရေး နက်ရှိုင်းကျယ်ပြန့်လာဖို့ နှစ်နိုင်ငံ ရည်ရွယ်ထားကြောင်း ပြောပါတယ်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ရဲ့ ၂၀၁၉ ခုနှစ် ခန့်မှန်းချက်အရ မြန်မာနိုင်ငံရဲ့ အမျိုးသား အသားတင်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၆၆ ဘီလျံ နဲ့ နိုင်ငံတကာမှာ စီးပွားရေးအဆင့် ၇၂ မှာရှိပါတယ်။ ချမ်းသာတဲ့ နိုင်ငံအဆင့် မဝင်သေးပေမဲ့ အလားအလာကောင်းတွေရှိတဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုကြပါတယ်။
အိန္ဒိယရဲ့ မြန်မာနိုင်ငံတွင်း ပို့ကုန်ဟာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ၂၅ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနဲ့ ကုန်သွယ်ဘက်နိုင်ငံတွေထဲမှာ မြန်မာက အဆင့် ၅၈ နေရာမှာရှိပြီး၊ အိန္ဒိယကတော့ မြန်မာရဲ့ ကုန်သွယ်ဘက်အဆင့် ၅ မှာ ရှိပါတယ်။
Ref ; RFA
<zawgyi>
ကိုရိုနာအလွန်မှာ အိန္ဒိယနဲ့မြန်မာ ကုန်သွယ်ရေးကျယ်ပြန့်ဖို့ ရည်ရွယ်
Tuesday, June 16, 2020
ကိုရိုနာဗိုင်းရပ်စ်ကာလ အလွန်မှာ အိန္ဒိယနဲ့‌ မြန်မာ ကုန်သွယ်ရေး နက်ရှိုင်း ကျယ်ပြန့်လာဖို့ နှစ်နိုင်ငံ ရည်ရွယ်ထားကြောင်း ပြောပါတယ်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ရဲ့ ၂၀၁၉ ခုနှစ် ခန့်မှန်းချက်အရ မြန်မာနိုင်ငံရဲ့ အမျိုးသား အသားတင်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၆၆ ဘီလျံ နဲ့ နိုင်ငံတကာမှာ စီးပွားရေးအဆင့် ၇၂ မှာရှိပါတယ်။ ချမ်းသာတဲ့ နိုင်ငံအဆင့် မဝင်သေးပေမဲ့ အလားအလာကောင်းတွေရှိတဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုကြပါတယ်။
အိန္ဒိယရဲ့ မြန်မာနိုင်ငံတွင်း ပို့ကုန်ဟာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ၂၅ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနဲ့ ကုန်သွယ်ဘက်နိုင်ငံတွေထဲမှာ မြန်မာက အဆင့် ၅၈ နေရာမှာရှိပြီး၊ အိန္ဒိယကတော့ မြန်မာရဲ့ ကုန်သွယ်ဘက်အဆင့် ၅ မှာ ရှိပါတယ်။
Ref ; RFA

0 comments:

Post a Comment