Monday, June 8, 2020

ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်းမှ ပုဂံဘုရားများကို ကင်းပတ်လှည့်လည်စဉ် ဘုရားငါးဆူတွင်ဖောက်ထွင်းခံထားရကြောင်း တွေ့ရှိ

ယနေ့ (၈/၆/၂၀၂၀) တွင် ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်းမှ ပုဂံဘုရားများကို ကင်းပတ်လှည့်လည် ကြည့်ရှု့စဉ် ရွာဟောင်းကြီးဘုရားမြောက်ဖက် ဘုရားစုများထဲမှ ဘုရားငါးဆူ၏ ပြန်လည်ပြုပြင်ထားသော ကွမ်းတောင်များတွင် ဖောက်ထွင်းခံထားရသည်ကိုတွေ့ရှိရ၍ ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် သက်ဆိုင်ရာလုံခြုရေးအဖွဲ့အစည်းများသို့ သတင်းပေးပို့၍ မှတ်တမ်းရယူ ပူးပေါင်းဆောင်ရွက်နေပါကြောင်း အသိပေးအပ်ပါသည်။
ဓါတ်ပုံမှတ်တမ်းများနှင့်တကွ ဖော်ပြအပ်ပါသည်။
အလုပ်အမှုဆောင်ကော်မတီ
ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်း

0 comments:

Post a Comment