Tuesday, June 9, 2020

အမေရိကန်နှင့်ရုရှားသည် နျူးကလီးယားလက်နက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ဇွန်လတွင် ပြုလုပ်သွားရန်သဘောတူခဲ့ပြီး တရုတ်နိုင်ငံအား ဖိတ်ကြားထားကြောင်း အမေရိကန်သံအမတ်ပြောကြား

အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့သည် နျူးကလီးယားလက်နက်ဆိုင်ရာစေ့စပ်ညှိနှိုင်းမှုများကို ဇွန်လတွင် ပြုလုပ်သွားရန်သဘောတူခဲ့ပြီး အဆိုပါ ညှိနှိုင်းမှုတွင် တရုတ်နိုင်ငံအား ဖိတ်ကြားထားကြောင်း အမေရိကန် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ အထူးသံတမန် Marshall Billingslea မှ ဇွန်လ ၈ ရက်နေ့တွင် ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။
အမေရိကန် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ အထူးသံတမန် Marshall Billingslea ၏ တွစ်တာစာမျက်နှာတွင် “နျူးကလီးယားလက်နက်ဆိုင်ရာစေ့စပ်ညှိနှိုင်းမှုကို ဇွန်လမှာ ပြုလုပ်သွားဖို့ ရုရှားနိုင်ငံခြားရေးဒုတိယဝန်ကြီး Ryabkov နဲ့ ဒီနေ့မှာသဘောတူခဲ့ပါတယ်။ တရုတ်နိုင်ငံကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက ယုံကြည်မှုရှိပြီး စေ့စပ်ညှိနှိုင်းမှု လုပ်မလားဆိုတာ စောင့်ကြည့်ရမှာပါ” ဟု ရေးသားဖော်ပြထားသည်။
Ref ; Reuters #Myanmar_Online_news

0 comments:

Post a Comment