Tuesday, June 23, 2020

ဝါဒဖြန့်မှုများပြုလုပ်နေသည်ဟု ယူဆရသော တရုတ်သတင်းမီဒီယာများအား အမေရိကန်နိုင်ငံမှ ကန့်သတ်မှုများပြုလုပ်

ဇွန်လ ၂၂ ရက်နေ့တွင် အမေရိကန်အစိုးရသည် “ပြည်ပရေးရာမစ်ရှင်များ”အဖြစ် ထည့်သွင်းစဉ်းစားရမည့် အဖွဲ့အစည်းများစာရင်းတွင် တရုတ်သတင်းမီဒီယာ ၄ ခု အား ထပ်မံ ထည့်သွင်းခဲ့ပါသည်။ အဆိုပါ သတင်းမီဒီယာများသည် အမေရိကန်-တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေးပိုမိုဆိုးရွားသွားစေမည့် အစိုးရနှင့်ကွန်မြူနစ်ပါတီတို့၏ လှုပ်ရှားမှုများနှင့် ဆက်နွယ်နေကြောင်း အမေရိကန်အစိုးရမှ ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ အဆိုပါ အဖွဲ့အစည်း ၄ ခု သည် CCTV အပါအဝင် အမေရိကန်နိုင်ငံရှိ ၎င်းတို့၏ ဝန်ထမ်းစာရင်းများနှင့် အိမ်၊ ခြံ ၊ မြေ ပိုင်ဆိုင်မှုများကို တင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမေရိကန်နိုင်ငံမှ ထွက်ခွာသွားရန် အမိန့်ပေးထားခြင်းမရှိကြောင်းနှင့် ၎င်းတို့၏ လုပ်ဆောင်မှုများအပေါ် ကန့်သတ်မှုများ မရှိသေး ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ သို့သော် အခြားသော တရုတ်အဖွဲ့အစည်း ၅ ခု အား “ပြည်ပရေးရာမစ်ရှင်များ” အဖြစ် သတ်မှတ်ပြီးနောက် တစ်လအကြာ၊ မတ်လတွင် အမေရိကန်နိုင်ငံ၌ အလုပ်လုပ်နိုင်မည့် လူအရေအတွက်ကို ကန့်သတ်ရန် ညွှန်ကြားခဲ့ ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ အဆိုပါ အဖွဲ့အစည်း များသည် ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရအတွက် အရေးပါသော်လည်း တရား မဝင်သည့် သတင်းမီဒီယာများဖြစ်ကြောင်း တာဝန်ရှိသူများမှ ပြောကြားခဲ့ပါသည်။
ကွန်မြူနစ်ပါတီအနေဖြင့် အဆိုပါ ဝါဒဖြန့်မှုများပြုလုပ်နေသည့် အဖွဲ့အစည်းများ အပေါ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ထိန်းချုပ်မှုပြုလုပ်ရုံသာမက ၎င်းတို့၏ အကြောင်း အရာများနှင့်ပတ်သက်၍ အယ်တီတာအပေါ် အပြည့်အဝထိန်းချုပ်မှုရှိကြောင်း အရှေ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell မှ ပြောကြားခဲ့ပါသည်။ ပြည်ပရေးရာမစ်ရှင်၏ သတ်မှတ်မှုသည် အမေရိကန်နိုင်ငံတွင် တရုတ်အစိုးရ၏ ဝါဒဖြန့်ချိရေးလှုပ်ရှားမှုများနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ အဆင့် တိုးမြှင့်ရေးတွင် ထင်ရှားသောလုပ်ဆောင်မှုတစ်ခုဖြစ်ပါသည်။
ပြည်ပရေးရာမစ်ရှင်များစာရင်းတွင် ထပ်မံ ထည့်သွင်းထားသည့် အဖွဲ့အစည်း ၃ ခု မှာ China News Service ၊ People’s Daily သတင်းစာနှင့် Global Times တို့ ဖြစ်ပါသည်။
Global Times သတင်းစာအား “market-oriented media” အဖြစ် ဖော်ပြနေသော အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် စိတ်ပျက်စရာကောင်းကြောင်း အယ်ဒီတာချုပ် Hu Xijin မှ ပြောကြားခဲ့ပါသည်။
ဇွန်လ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ သတ်မှတ်ခံထားရသည့် အဖွဲ့အစည်း များအတွက် သတင်းထောက်မည်မျှ အလုပ်လုပ်သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရ သေးပါ။
အမေရိကန်နိုင်ငံသည် စစ်အေးတိုက်ပွဲကာလအတွင်း ရုရှားနိုင်ငံ၏ မီဒီယာများ အပေါ် အလားတူဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်အရာရှိများမှ သတ်မှတ် ခံထားရသည့် မီဒီယာများသည် တရုတ်အစိုးရမှ ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်သော မီဒီယာများဖြစ်သည့်အတွက် ၎င်းတို့အား ပြည်တွင်းသတင်းအဖွဲ့အစည်းများကဲ့သို့ မှတ်ယူခြင်းမပြုဘဲ အမေရိကန်ဥပဒေအရ ပြည်ပရေးရာမစ်ရှင်များတွင် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Stilwell မှ ၎င်းတို့သည် သတင်းသမားများမဟုတ်ကြောင်း၊ တရုတ်အစိုးရ၏ ဝါဒဖြန့်မှုဆိုင်ရာ အဖွဲ့ဝင်များဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့ ပါသည်။
တရုတ်နိုင်ငံဘက်မှ လက်တုံ့ပြန်မှုအခြေအနေနှင့်ပတ်သက်၍ Stilwell အား မေးမြန်းခဲ့ရာ ၎င်းမှ တရုတ်နိုင်ငံတွင် အလုပ်လုပ်နေသည့် အမေရိကန်စာနယ်ဇင်း သမားများသည် ၎င်းတို့၏ လှုပ်ရှားမှုများတွင် တင်းကြပ်သည့် ကန့်သတ်ချက်များနှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Source : Reuters
“US to restrict Chinese media outlets deemed ‘propaganda”

0 comments:

Post a Comment