Monday, June 15, 2020

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရေးသားထားတဲ့ ဝီရိယအမွေကြောင်း

ကျွန်မတို့မှာ လသာတုန်းဗိုင်းငင့် ဆိုတဲ့စကားရှိပါတယ်။ အင်္ဂလိပ်တွေကတော့ နေပူတုန်းကောက်ရိုးစု လို့ဆိုပါတယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ အကောင်းဆုံးအချိန်မှာ လုပ်ကြပါလို့ သတိပေးတာပါပဲ။
ယခုမိုးရာသီရောက်ပြီဆိုတော့ မိုးရေခံဖို့၊ လှောင်ဖို့ အကောင်းဆုံး အ ချိန်ပါ။ နွေအခါ ရေရှားပါးမှုအခက်အခဲတားဆီးထားဖို့ ကြိုတင်ပြင် ဆင်ခြင်းပါပဲ။ ‘နောင်ရေးရန်ပုံငွေ’သဘောမျိုးပေါ့။
နိုင်ငံများဟာ နောင်ဖြစ်နိုင်ခြေရှိတာတွေကို မှန်းဆပြီး ဖြစ်လာသမျှကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားရပါတယ်။ Covid လိုကြိုတင်မှန်းဆလို့မရတဲ့ အရေးပေါ်အခြေအနေတွေကိုလည်း ကျော်လွှားနိုင်ဖို့ ရိက္ခာ၊ ဘဏ္ဍာငွေ စသည်တို့ လုံလောက်ရေးကို သတိပြုရတာက အစိုးရတစ် ရပ်ရဲ့ နိစ္စဓူဝ တာဝန်ပါပဲ။
ဒီလိုရုပ်ပိုင်းဆိုင်ရာအားတွေ စုထားခြင်းထက် ပိုအရေးမပါရင်တောင် မှ နည်းတူအရေးပါတာကတော့ ‘နောင်ရေးစိတ်ဓါတ်ရန်ပုံငွေ’လို့ ပြော ချင်ပါတယ်။ သမိုင်းမှာ ကျန်ရစ်ပြီး နောင်လာနောက်သားတွေ အ တွက် သုံးမကုန်နိုင်တဲ့ စိတ်ဓါတ်အမွေပါ။ ရည်ရွယ်ချက်၊ ဆန္ဒ အောင် ပွဲ ဆင်နိုင်တဲ့ သမိုင်းဖြစ်စဉ်တွေဟာ ဒီလိုအမွေတွေအဖြစ် ကျန်ခဲ့မှာပါ။
ဒီအမွေတွေ စုဖို့ ပြည်သူတွေပါမှ ဖြစ်မှာပါ။
ယခု ပထမ covid လှိုင်းကို ကျွန်မတို့ အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပါပြီ။ ဒုတီယက ပိုခက်ခဲမယ်လို့ ခန့်မှန်းတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ် ဖြစ်၊ အကောင်းဆုံးကို မျှော်လင့်ပြီး၊ အဆိုးဆုံးအတွက် အသင့်ပြင် ဆင် ထားရပါမယ်။
ကျေးဇူးရှင် ရွှေတောင်ကုန်း ဆရာတော်ဘုရားကြီးက ဝီရိယနဲ့ ပတ် သက်လို့ မမေ့မလျော့၊ မှတ်သားထားရမယ့် ဩဝါဒ ချီးမြှင့်တော် မူခဲ့ပါတယ်။ လေးဆင့်သော ဝီရိယ၊ ပထမက လုပ်ငန်းတစ်ရပ် စရန် ဆုံးဖြတ်ခြင်း၊ ဒုတိယက ဆုံးဖြတ်ချက်အရ စလုပ်ခြင်း၊ တတိယကအခက်အခဲနဲ့ ကြုံရလည်း ဆက်လုပ််ခြင်း၊ နောက်ဆုံးစတုတ္ထအဆင့်ကတော့ ရှုံးနိမ့်သကဲ့သို့ဖြစ်ရင်တောင် မလျှော့သော ဇွဲဖြင့် ဆက်လုပ် ခြင်း ဖြစ်ပါတယ်။
ကျွန်မတို့တွေ ဒုတိယဝီရိယအဆင့်က တတိယအဆင့် အကူးလောက်ပဲ ရှိပါသေးတယ်။ နောင်လာနောက်သားတွေအတွက် ဝီရိယအမွေကောင်းတွေ ထားခဲ့ဖို့ စုလုပ်ကြရအောင်။
Source - Aung San Suu Kyi

0 comments:

Post a Comment