Wednesday, June 24, 2020

အိန္ဒိယနိုင်ငံသည် သူလျှိုလုပ်ငန်းများနှင့်ဆက်နွယ်နေသည့် ပါကစ္စတန်သံရုံးဝန်ထမ်းများ အား နိုင်ငံမှနှင်ထုတ်

ဇွန်လ ၂၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံသည် နယူးဒေလီမြို့ရှိ ပါကစ္စတန်သံရုံး၏ ဝန်ထမ်းထက်ဝက်ခန့်အား သူလျှိုလုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် နှင်ထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံမှလည်း အလားတူဆောင်ရွက်မှုမျိုး ပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နျူကလီးယားလက်နက်ပြိုင်ဘက်နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်နှစ် နိုင်ငံကြား ဆက်ဆံရေးမှာ တင်းမာနေပြီး သံတမန်များအား သူလျှိုလုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် နှင်ထုတ်နေမှုများသည် ပုံမှန်ဖြစ်နေပါသည်။
မည်သည့်နိုင်ငံတွင်မျှ အမြဲတမ်းသံအမတ်ထားရှိခြင်းမရှိဘဲ လွန်ခဲ့သောလတွင် အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံသည် ၎င်းတို့၏ သံတမန်များကို ဖမ်းဆီးနှိပ်စက်ခဲ့ ကြောင်း အပြန်အလှန်စွပ်စွဲပြောကြားခဲ့ပါသည်။
ပါကစ္စတန်ဝန်ထမ်းများသည် သူလျှိုလုပ်ငန်းများတွင် ပါဝင်နေပြီး အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်မှုရှိသည့်အတွက် ၎င်းတို့အား ထိန်းသိမ်းထားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၎င်းတို့၏ ဝန်ထမ်းများအပေါ် လုပ်ဆောင် ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် အစ္စလာမ္မဘတ်မြို့ရှိ အိန္ဒိယသံရုံးမှ ဝန်ထမ်းထက်ဝက် ခန့်ကိုလည်း နှင်ထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အိန္ဒိယ-ပါကစ္စတန်နှစ်နိုင်ငံအနေဖြင့် စွပ်စွဲခံထားရသည့် အရာရှိများအား တစ်ပတ် အတွင်း နိုင်ငံမှထွက်ခွာသွားရန် အပြန်အလှန် ပြောကြားခဲ့ပါသည်။ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံကြား နောက်ဆုံးတင်းမာမှုသည် ပါကစ္စတန် သံတမန် နှစ်ဦးအား မေလ ၃၁ ရက်နေ့တွင် သူလျှိုလုပ်သည်ဆိုသော စွဲချက်ဖြင့် အိန္ဒိယနိုင်ငံမှ နှင်ထုတ်ခဲ့သည့် အချိန်တွင် စတင်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံမှ ပြောကြားခဲ့ပါသည်။
Ref ; Reuters #Myanmar_Online_News

0 comments:

Post a Comment