Monday, June 15, 2020

ပရစ်ကြော်လုံးဝမစားဖြစ်တော့တဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ ဦးဇင်းတစ်ပါး

***** ငါမသိဘဲ စားခဲ့မိတဲ့အတွက် တောင်းပန်ပါတယ် 😭😭😭 *****
🔥ငရဲကြီးရှစ်ထပ်မှာ နာကျင်မှုဝေဒနာငရဲဘုံဆိုတာရှိပါတယ်။ သူတို့ ခံစားနေရတဲ့ ဝဋ်ဒုက္ခတွေဟာ လက်ရှိလူတွေ စားနေတဲ့ ပရစ်တွေရဲ့ ဘဝနဲ့ ဆင်တူပါတယ်။
🦗ပရစ်ကြော်ကို ကျွန်တော်လဲ အရင်ကအရမ်းကြိုက်ခဲ့ပါတယ်။ နယ်ပြန်တော့ ကြော်ပုံကြော်နည်းအဆင့်ဆင့်တွေကို သိလိုက်ရပြီးနောက်ပိုင်း လုံးဝမစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
🦗အရမ်းစားကောင်းတယ်၊ အရမ်းလတ်ဆက်တယ်ဆိုတာ ညှင်းပန်းနှိပ်စက်ပြီးမှ သေရတာဖြစ်လို့ ပိုပြီး လက်ဆက် ပိုစားကောင်း ခံတွင်းမြိန်စေတာပါ။
🦗ပရစ်ကို အရင်ဆုံး ရေသန့်ဗူးထဲ ကောက်ကောက်ထည့်ပါတယ်။ရေသန့်ဗူးထဲမှာ ရေအနည်းငယ်ထည့်ထားပါတယ်။ အဲတော့ သူတို့တွေဟာ မသေသေးပါဘူး။ ဗူးထဲမှာဖြစ်တဲ့အတွက် လေကောင်းကောင်းမရတဲ့အတွက် မျော့မျော့လေးသာ ရှိနေပါတယ်။
🦗အဲဒီမျော့မျော့ လေးရှိနေပေမယ့် နာကျင်မှု အသိစိတ်တော့ ကောင်းကောင်းသိနေရပါသေးတယ်။ အဲလို အသက်ရှုကြပ်ပြီး မျော့နေတဲ့အတွက် ဗူးထဲကနေ အပြင်ကို သူတို့ကို ထုတ်တဲ့အခါ သူတို့ဟာ မပြန်နိုင် မလှုပ်ရှားနိုင်တော့ပါဘူး။အောက်စီဂျင်အရမ်းနည်းတဲ့ ဗူးအတွင်းမှာ အချိန်ကြာကြာနေရလို့ပါပဲ။
🦗အပြင်ရောက်တာနဲ့ မျော့မျော့လေးပဲရှိနေသေးတဲ့ တစ်ကောင်းချင်းစီတိုင်းရဲ့ အစာအိမ်တွေကို ကြက်သွန်းဖြူတွေသွပ်နေတဲ့အထိ သူတို့တွေဟာ ဝေဒနာကို ပူထူးနေအောင် ခံစားသိရှိနေရတုံးပါပဲ။
🦗အရှင်လတ်လတ် ခြေထောက်တွေဖြတ် လက်တွေဖြတ်လဲ ခံရပါတယ်။ အဲလိုဖြတ်ခံထားရတဲ့အထိ နာကျင်မှုတွေ ကို သိနေရဆဲပါ။
🦗နောက်ဆုံးဆီပွက်ပွက်ဆူးနေတဲ့ အိုးထဲ တစ်ကောင်ပေါ်တစ်ကောင်ဆင့်နေတဲ့အထိ အသိစိတ်မှာ နာကျင်မှု တွေ ပူလောင်မှုတွေ ကြောက်ရွံနေမှုတွေ ဖြစ်လို့နေပါတယ်။အကူညီမဲ့စွာနဲ့ ကြောက်စိတ်တွေနဲ့ ဘယ်လိုမှမလွတ်မြောက်နိုင်တော့ဘူး သေပွဲဝင်ရတော့မယ်ဆိုတာလဲ သိပြီး ထိန့်လန့်နေပုံပါပဲ။
🦗အပေါ်အောက် လှမ်းလိုက်တဲ့အချိန်မှာတော့ သူတို့ရဲ့နာကျင်မှုတွေဟာ အပြီးတိုင်း ရပ်တန့်လို့ သွားခဲ့ပါပြီ။
🐥ကြက်တို့ ငှက်တို့ ငါးတို့ တို့ဆိုရင် တစ်ခါ ကိုင်ရိုက်လိုက်တာနဲ့ ဝေဒနာခဏတာခံစားရတဲ့ သေဆုံးမှုမျိုးပါ။
🦗ပရစ်တွေရဲ့ဘဝမှာတော့ ဝေဒနာတွေကို အဆင့်ဆင့် မရှုနိုင်မကယ်နိုင်လောက်အောင် ခံစားပြီးမှ သေဆုံးမှုမျိုးဖြစ်တဲ့အတွက် ကျွန်တော် အရမ်းကြိုက်နေရင်တောင် ဘယ်လိုမှ မြိုမကျနိုင်တော့ပါဘူး 😢😢😢
🦗တစ်ကောင်းချင်းစီရဲ့ နာကျင်မှုဝေဒနာတွေ အကောင်မြောက်များစွာရဲ့ နာကျင်မှု ဒုက္ခတွေကတော့ အရမ်းဝဋ်ကြီးလွန်းလှပါတယ်။
💁‍♂️လူတွေရဲ့ အာဟာရကြောင့် တိရစ္ဆာန်တွေကို စားသုံးပေးရတယ်ဆိုပေမယ့်လဲ ညှင်းပန်းနှိပ်စက် ခံစားစေပြီးမှ စားရမယ့် အစာမျိုးဆိုရင်တော့ မစားရလဲ ပြဿမရှိပါဘူး။
💁‍♂️လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် အသိဥာဏ်ရှိရှိ အသိဉာဏ်မရှိရှိ နာကျင်မှုဝေဒနာကိုတော့ သတ္တဝါတိုင်း ကောင်းကောင်းခံစားနားလည်သိရှိနိုင်ပါတယ်။
💁‍♂️တစ်ချို့လူတွေကြပြန်တော့လဲ နာကျင်ခံစားရတယ်ဆိုတာ သိသိကြီးနဲ့ကို အရသာခံပြီး မြိန်ရည်လျှက်ရည်ကိုစားသုံးကြပါတယ်။စားရလေ ပိုငတ်လေ၊ ရလာလေလေ ပိုလိုချင်လေလေပါပဲ ၊ ဒါကလဲ သူတို့ အရင်ဘဝက မကောင်းတဲ့ အကုသိုလ်ကံတွေ များခဲ့တဲ့အတွက်ကြောင့်ပါပဲ။
သတ္တဝါများအားလုံး အသက်ဘေးမှ
လွတ်မြောက်ကြပါစေ ဆန္ဒပြုရင်း . . .
(သားသတ်လွတ်စားဖြစ်ခဲ့တဲ့အကြောင်းအရင်း)
အညတရ အရှင်သောပါကမြိုင်
ကော်ပီကူးယူဖော်ပြပါသည်
မူရင်းပိုင်ရှင်ကိုလေးစားစွာကျေးဇူးတင်ပါတယ်
Source - SearchMyanmar

0 comments:

Post a Comment