
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့များက နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်သားများအတွက် အလှူငွေပေးအပ်ခြင်းကို ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမ၌ပြုလုပ်သည်။
ထိုသို့လှူဒါန်းရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်းအဖွဲ့များကိုယ်စား တိုင်းဒေသကြီး စစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင် နေသော တပ်မတော်သားများအတွက် အလှူငွေကျပ် ၃၂ သိန်းကိုပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
Source : တပ်မတော် #Myanmar_Online_News
0 comments:
Post a Comment