Saturday, June 20, 2020

၂၀၂၀ရွေးကောက်ပွဲတွင် ကယားဝန်ကြီးချုပ် ထပ်မံဝင်ရောက်အရွေးချယ်ခံယှဉ်ပြိုင်မည်ဖြစ်ပြီး ပါတီအတွင်း ဦးစားပေး(၁)ဖြင့် ရွေးချယ်ခံရ

လာမယ့်ရွေးကောက်ပွဲတွင် ကယားပြည်နယ်၀န်ကြီးချုပ် ဦးအယ်ဖောင်းရှိုအနေဖြင့် ၂၀၁၅ ခုနှစ်က ‌ရွေးချယ်ခံထားခဲ့ရသော မယ်စဲ့မြို့နယ်၊ ကယားပြည်နယ်မဲဆန္ဒနယ် အမှတ်၂ ကနေ ၀င်ရောက်ရွေးချယ်ခံမှာဖြစ်ကြောင်း ကယားပြည်နယ်သယံဇာတဝန်ကြီး ဦးတီရယ်၏ပြောကြားချက်အရ သိရသည်။
၂၀၂၀အတွက် ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် "ဝန်ကြီးချုပ်က ရွေးချယ်ခံရာမှာ ၁၆ မဲရပြီး ပြိုင်ဘက်က တစ်မဲရပါတယ်။ ဦးစားပေးအဆင့်တစ်နဲ့ ပြည်နယ်ပါတီရုံးကတဆင့် ဗဟိုကို တင်ပေးလိုက်ပြီ"လို့ သိရသည်။
ကယားပြည်နယ် လက်ရှိဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိူသည် မူလမဲဆန္ဒနယ်ဟောင်း မဲဆန္ဒနယ်အမှတ်၂ ကနေ ပါဝင်ယှဉ်ပြိုင်ရာတွင် မယ်စဲ့မြို့နယ်ပါတီကိုယ်စားလှယ်လောင်း ၁၇ ဦး အနက် ၊ ၁၆ဦးက ထောက်ခံခဲ့ကြတယ်လို့ မယ်စဲ့NLDပါတီရဲ့ပြောပြချက်အရ သိရပါသည်။
ထို့ပြင် ကယားပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများတွင် ဝန်ကြီးချုပ်ဦး‌အယ်ဖောင်ရှိူ၊သယံယဇာတဝန်ကြီး ဦးတီရယ်အပါအဝင် ဝန်ကြီးအချို့လည်း ‌ရွေးကောက်ပွဲမှာ ပြန်လည်ဝင်‌ပြိုင်မှာဖြစ်ပြီး ဦးတီရယ်ကတော့ ရှားတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကနေ ယှဉ်ပြိုင်မည်ဖြစ်တယ်လို့ သိရသည်။
လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်ဖို့အတွက် မယ်စဲ့မဲဆန္ဒနယ် လွှတ်တော်နေရာ ၄ ခုအတွက် ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ရွေးချယ်ခံခဲ့သော်လည်း ပြည်သူ့လွှတ်တော်နေရာအတွက် ပါဝင်ယှဉ်ပြိုင်သူမရှိတဲ့အတွက် လက်ရှိ ကိုယ်စားလှယ်ဖြစ်သည့် ဦးသန်းလင်းလင်းက ဦးစားပေး ၁ အဖြစ် ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါသည်။
Crd : VOM

0 comments:

Post a Comment