Tuesday, June 16, 2020

နေထိုင်စရာအခက်အခဲရှိသည့် အငြိမ်းစားဝန်ထမ်းများအတွက် တစ်လလျှင် ငွေကျပ် သုံးသောင်းဖြင့် အိမ်ငှားပေးမည်

၂၀၁၉-၂၀၂၀ တွင် အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းများအတွက် တစ်လလျှင် ငွေကျပ် သုံးသောင်း နှုန်းဖြင့် နေပြည်တော်တွင် တိုက်ခန်းအိမ်ယာများ ငှားရမ်းပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဇွန်လ ၁၅ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလ အတွင်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ငှားရမ်းခ အနေနဲ့ကတော့ ၅ထပ်ဖြစ်တဲ့ အတွက် မြေညီထပ်ကို တစ်လလျှင် ဌားရမ်းခ သုံးသောင်းနဲ့ တစ်လွှာတစ်လွှာကို တစ်ထောင်လျော့သွားမှာဖြစ်ပါတယ်။ အပေါ်ဆုံးထပ်မှာဆိုရင်တော့ ၂၆၀၀၀ နှုန်းနဲ့ လစာမြေ ငှားရမ်းခကို သတ်မှတ်ကောက်ခံသွားမှာဖြစ်ပါတယ်”ဟု ဦးမင်းထိန်ကပြောသည်။
ထိုသို့ ငှားရမ်းရာတွင် စည်းကမ်းချက်အနေဖြင့် အငြိမ်းစားများ၏ နေရာချထားရေးကော်မတီကို ဖွဲ့စည်းပြီး သတ်မှတ်ချက် ၈ ချက်ဖြင့် သတ်မှတ်ထားကြောင်း၊ ငှားရမ်းနေထိုင်ရာတွင် နေထိုင်စရာအခက်အခဲရှိသူများသာ ငှားရမ်းဖြစ်ကြောင်း သိရသည်။ “ငှားရမ်းခအနေနဲ့ တစ်ကြိမ်ကို ၅ နှစ် သတ်မှတ်ပြီးတော့ ငှားရမ်းခ ကိုလည်း ၅ နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီးတော့မှ နေရာကို စီစဉ်ချထားပေးသွားမှာဖြစ်ပါတယ်” ဟု ဦးမင်းထိန် ကပြောသည်။
အငြိမ်းစားအငှားအိမ်ရာသည် အခန်း ၁၂ ခန်းတွင် ၅ ထပ်ပါဝင်ပြီး အခန်းပေါင်း ၃၀၀ ရှိကြောင်း သိရသည်။ယနေ့ နေ့လည် ပိုင်းမှာတော့ အခန်းများ အား မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
crd-TheFifthWaveNews #Myanmar_Online_News
>>zawgyi<<
နေထိုင်စရာအခက်အခဲရှိသည့် အငြိမ်းစားဝန်ထမ်းများအတွက် တစ်လလျှင် ငွေကျပ် သုံးသောင်းဖြင့် အိမ်ငှားပေးမည်
Tuesday, June 16, 2020
၂၀၁၉-၂၀၂၀ တွင် အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ ဝန်ထမ်းများအတွက် တစ်လလျှင် ငွေကျပ် သုံးသောင်း နှုန်းဖြင့် နေပြည်တော်တွင် တိုက်ခန်းအိမ်ယာများ ငှားရမ်းပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဇွန်လ ၁၅ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလ အတွင်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ငှားရမ်းခ အနေနဲ့ကတော့ ၅ထပ်ဖြစ်တဲ့ အတွက် မြေညီထပ်ကို တစ်လလျှင် ဌားရမ်းခ သုံးသောင်းနဲ့ တစ်လွှာတစ်လွှာကို တစ်ထောင်လျော့သွားမှာဖြစ်ပါတယ်။ အပေါ်ဆုံးထပ်မှာဆိုရင်တော့ ၂၆၀၀၀ နှုန်းနဲ့ လစာမြေ ငှားရမ်းခကို သတ်မှတ်ကောက်ခံသွားမှာဖြစ်ပါတယ်”ဟု ဦးမင်းထိန်ကပြောသည်။
ထိုသို့ ငှားရမ်းရာတွင် စည်းကမ်းချက်အနေဖြင့် အငြိမ်းစားများ၏ နေရာချထားရေးကော်မတီကို ဖွဲ့စည်းပြီး သတ်မှတ်ချက် ၈ ချက်ဖြင့် သတ်မှတ်ထားကြောင်း၊ ငှားရမ်းနေထိုင်ရာတွင် နေထိုင်စရာအခက်အခဲရှိသူများသာ ငှားရမ်းဖြစ်ကြောင်း သိရသည်။ “ငှားရမ်းခအနေနဲ့ တစ်ကြိမ်ကို ၅ နှစ် သတ်မှတ်ပြီးတော့ ငှားရမ်းခ ကိုလည်း ၅ နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီးတော့မှ နေရာကို စီစဉ်ချထားပေးသွားမှာဖြစ်ပါတယ်” ဟု ဦးမင်းထိန် ကပြောသည်။
အငြိမ်းစားအငှားအိမ်ရာသည် အခန်း ၁၂ ခန်းတွင် ၅ ထပ်ပါဝင်ပြီး အခန်းပေါင်း ၃၀၀ ရှိကြောင်း သိရသည်။ယနေ့ နေ့လည် ပိုင်းမှာတော့ အခန်းများ အား မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
crd-TheFifthWaveNews #Myanmar_Online_News

0 comments:

Post a Comment