Wednesday, June 17, 2020

ဂုတ်တွင်း၌ ယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းအပါအဝင်၂ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ

မကွေးဘက်မှ လားရှိုးဘက်သို့ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည့် မင်းသားကြီးခရီးသည်တင် expressယာဉ်သည် ယနေ့နံနက်၃နာရီကျော်အချိန်ခန့်က ဂုတ်တွင်းကုလားမကွေ့နေရာအရောက် အောက်ထပ်သို့ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။
၎င်းဖြစ်စဉ်၌ယာဉ်မောင်းအပါအဝင် -ကျား ၂ဦး သေဆုံးပြီး ကျား ၁၁ ဦး မ ၅ ဦး ဒဏ်ရာရရှိကြောင်း ကနဦးသတင်းများ အရသိရှိရပါသည်။ နောင်ချိုမှ စေတနာမွန်လူမှုကူညီရေးဖြူစင်မေတ္တာလူမှုကူညီရေး နောင်ပိန်ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းများနောင်ချိုပရဟိတအဖွဲ့သားများ နောင်ချိုမီးသတ်တပ်ဖွဲ့ဝင်များ'ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ အခြားသက်ဆိုင်ရာတာဝန်ရှိသူများကကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေပါသည်။
ကုလားမကွေ့အပေါ်ထပ်မှ အောက်ထပ်ပြုတ်ကျခြင်းဖြစ်၍ကျန်ခရီးသည်များသက်သာခဲ့ရပါသည်။ အောက်ရှိချောင်းအတွင်း ပြုတ်မကျ၍တော်ပါသေးသည်။ ကနဦး သုံးသပ်ချက်အရယာဉ်ဘရိတ်ပေါက်ခြင်းဟုယူဆရပြီး ယာဉ်မောင်းကထိန်းမရတော့ကြောင်း ခရီးသည်များကို အော်ဟစ်အသိပေးခဲ့သည်ဟု စုံစမ်းကြားသိရပါသည်။ စိတ်မကောင်းစရာသတင်းဖြစ်ပါသည်။ယာဉ်မောင်းများအားလုံးဂရုစိုက်ကြပါ။
crd-Konay Konay #Myanmar_Online_News
>>zawgyi<<
ဂုတ်တွင်း၌ ယာဉ်တိမ်းမှောက်၍ လူ၂ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ
Wednesday, June 17, 2020
မကွေးဘက်မှ လားရှိုးဘက်သို့ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည့် မင်းသားကြီးခရီးသည်တင်expressယာဉ်သည် ယနေ့နံနက်၃နာရီကျော်အချိန်ခန့်က ဂုတ်တွင်းကုလားမကွေ့နေရာအရောက် အောက်ထပ်သို့ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။
၎င်းဖြစ်စဉ်၌ယာဉ်မောင်းအပါအဝင် -ကျား ၂ဦး သေဆုံးပြီး ကျား ၁၁ ဦး မ ၅ ဦး ဒဏ်ရာရရှိကြောင်း ကနဦးသတင်းများ အရသိရှိရပါသည်။ နောင်ချိုမှ စေတနာမွန်လူမှုကူညီရေးဖြူစင်မေတ္တာလူမှုကူညီရေး နောင်ပိန်ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းများနောင်ချိုပရဟိတအဖွဲ့သားများ နောင်ချိုမီးသတ်တပ်ဖွဲ့ဝင်များ'ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ အခြားသက်ဆိုင်ရာတာဝန်ရှိသူများကကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေပါသည်။
ကုလားမကွေ့အပေါ်ထပ်မှ အောက်ထပ်ပြုတ်ကျခြင်းဖြစ်၍ကျန်ခရီးသည်များသက်သာခဲ့ရပါသည်။ အောက်ရှိချောင်းအတွင်း ပြုတ်မကျ၍တော်ပါသေးသည်။ ကနဦး သုံးသပ်ချက်အရယာဉ်ဘရိတ်ပေါက်ခြင်းဟုယူဆရပြီး ယာဉ်မောင်းကထိန်းမရတော့ကြောင်း ခရီးသည်များကို အော်ဟစ်အသိပေးခဲ့သည်ဟု စုံစမ်းကြားသိရပါသည်။ စိတ်မကောင်းစရာသတင်းဖြစ်ပါသည်။ယာဉ်မောင်းများအားလုံးဂရုစိုက်ကြပါ။
crd-Konay Konay #Myanmar_Online_News

0 comments:

Post a Comment