Friday, June 19, 2020

ပင်လည်ဘူးမြို့နယ်တွင် တန်ဖိုးငွေကျပ် သိန်း ၆၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဇွန်လ ၁၈ ရက်နေ့ ၀၀၂၀ အချိန်တွင် ပင်လည်ဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ကျော်ရွာကြီး-ဘာဟဲ ကျေးရွာသွားလမ်းတွင် ကျော်ရွာကြီးကျေးရွာဘက်မှ ဘာဟဲ ကျေးရွာဘက်သို့ လမ်းလျှောက်လာသူ ပင်လည်ဘူးမြို့နယ်၊ ကျော်ရွာကြီးကျေးရွာနေ စိုးထွေး ၂၄ နှစ် အား စစ်ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁.၁ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၁၀၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက် စစ်ဆေး ဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများအား တစ်ရွာတည်းနေ နီတွတ်(ခ)ကျော်စိုးဦး ၂၅ နှစ်ထံမှ ဝယ်ယူခဲ့ ကြောင်းပေါ်ပေါက်၍ ၀၁၅၀ အချိန်တွင် နီတွတ်(ခ)ကျော်စိုးဦး၏နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းအား နေအိမ် တွင်တွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်းရှိ ခြုံပုတ်အတွင်းမှ ဆာလာအိတ်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၅.၄၉ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၄၉၀ သိန်း)နှင့် ဓားရှည် ၁ ချောင်းအား ထပ်မံတွေ့ရှိသိမ်း ဆည်းရမိခဲ့သဖြင့် ပင်လည်ဘူးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပ ဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
>>zawgyi<<

0 comments:

Post a Comment