Monday, June 8, 2020

ကိုဗစ်ကာလ လိုအပ်နေတဲ့သူတိုင်း အကျႌတစ်ထည်ဆီ အခမဲ့ လာယူရန် ဖိတ်ခေါ်လိုက်တဲ့ ဆိုင်ရှင်

ကိုဗစ်ကာလမှာ မြန်မာနိုင်ငံမှာရှိတဲ့ ပရဟိတအဖွဲ့ပေါင်းစုံမှ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်လုပ်နေကြသလို ပရဟိတအဖွဲ့အစည်းမဟုတ်ဘဲ မိမိတို့တက်နိုင်တဲ့ ဘက်မှလည်း လှူဒါန်းမှုများလည်း မြင်တွေ့နေရတာပဲဖြစ်ပါတယ်။
ရှိရှိမရှိရှိ လှူတတ် တာကြောင့် မြန်မာ လူမျိုးတွေက လှူဖို့တန်းဖို့ ဆို ကမ္ဘာမှာ နံပါတ်တစ် ဖြစ်နေတာ ဖြစ်မယ်နော်…
ခုလည်းပဲ တအား မချမ်းသာပေမယ့် မိမိတတ်နိုင်သလောက် လှူတဲ့ စေတနာရှင် လေးစားဖွယ် Moe Hein Noon အထည်ဆိုင်မှ အစ်ကိုကြီးရဲ့ အလှူလေးကိုဖော်ပြလိုက်ရပါတယ်နော်
“အမှန်တကယ် လိုအပ်သူများအတွက် တစ်ယောက်လျှင်တစ်ထည်နူန်းဖြင့်အခမဲ့လာရောက်ယူနိုင်ပါသည်။
မှတ်ချက် – စာကပ်ထားသည့်တန်းပေါ်မှအင်းကျီများသာ…ကိုတတ်နိုင် သလောက်အလှူလေးပါ..” ဆိုပြီး လူမှုကွန်ရက် မှာကြေညာ ထားတာပါ…
လေးစားဖွယ် ကောင်းတဲ့ Moe Hein Noonအထည်ဆိုင်မှ စိတ်ဓာတ် အတွက် ချီးကျူးစကားဆို ဂုဏ်ပြုပေးခဲ့ကြပါအုံးနော်....

Source - Moe Hein Noon အထည်ဆိုင် #Myanmar_Online_News

0 comments:

Post a Comment