Saturday, June 20, 2020

မြန်မာနိုင်ငံသရက်သီးအစုအဖွဲ့အနေဖြင့် ပြည်တွင်းမှ သရက်သီးခြမ်းများကို အခြောက်ခံပြီး မလေးရှားသို့ စမ်းသပ်တင်ပို့မည်

ပြည်တွင်းမှ အရည်အသွေးကောင်းမွန်သော သရက်သီးများ ပြည်ပသို့တင်ပို့နေရာမှ ရွေးချယ်ကျန်ရှိသည်များကို အလေအလွင့်မရှိစေရန် သရက်သီးခြမ်းများအဖြစ်အခြောက်ခံကာ မလေးရှားသို့ စမ်းသပ်တင်ပို့မည်ဟု မြန်မာနိုင်ငံသရက်သီးအစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
“သရက်သီးအခြောက်တွေ အော်ဒါအများကြီးရှိပါတယ်။ Export သရက်သီးရဖို့ အရည်အသွေးရှိတာက ကားတစ်စီးမှာ ဆယ်ပုံတစ်ပုံလောက်ပဲပါတော့ အကောင်းဆုံးရွေးချယ်ပြီးကျန်တဲ့ သရက်သီးတွေကို သန့်သန့်ရှင်းရှင်းနဲ့ Value Added လုပ်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာမယ်။ ပြည်တွင်းက အများကြီးစုဖွဲ့ပြီး တင်ပို့ရောင်းချရင် ပြည်ပဈေးကွက် တစ်ခုရလာမှာပါ” ဟု ၎င်းကပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် သရက်သီးမှ အခြားအမည်များထုတ်လုပ်သည့် အဆင့်မြင့်နည်းပညာများ သင်တန်းများဖွင့်လှစ်သင်ကြားပေးရန်လိုကြောင်း၊ အမှည့်လွန်သရက်သီးများမှ အနှစ်ထုတ်ယူခြင်း၊သရက်သီး အခြမ်းကို အခြောက်ခံခြင်းနှင့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပတင်ပို့ နိုင်ပါက လေလွင့်ဆုံးရှုံးမှုနည်းမည် ဖြစ်ကြောင်းသိရသည်။
"အဲဒါကြောင့် လွှင့်ပြစ်ရမယ့် သရက်သီးတွေကို ပြည်တွင်းမှာသရက်ပြင်နဲ့ သရက်သီးခြောက်လုပ်တယ်၊ အနှစ်တွေလုပ်တယ်။အစေ့ကို ပျိုးပင်လုပ်ပြီးပြန်ရောင်းတယ်။ အခွံတွေကိုတော့ မြေသြဇာလုပ်တဲ့ နေရာမှာ သုံးတယ်။ သရက်မှာ ပစ်စရာမရှိဘူး”ဟု ၎င်းဆက်လက်ပြောကြားသည်။
အခြားသရက်မျိုးများဖြစ်သည့် ရွှေဟင်္သာ ၊ မချစ်စု၊ ပတ္တမြားငမောက်စသည့် အမျိုးအစားများကို ပြည်ပသို့ တင်ပို့သော်လည်း စိန်တလုံးသရက်သီးမှာ အဓိကဈေးကွက်ဖြစ်နေပြီး သရက်သီးမှ အခြားအည်များထုတ်လုပ်ကာ ပြည်ပဈေးကွက်ထိုး ဖောက်ရန်လိုအပ်သည်ဟု ဆိုသည်။
“သရက်သီးအနှစ်လုပ်ပြီး ပို့တာရှိတယ်၊ စင်္ကာပူ၊ မလေးရှား ဂျပန်တို့ စတဲ့ နိုင်ငံတွေမှာ ရေခဲမုန့်နဲ့ အခြားမုန့်တွေ ထုတ်လုပ်ရာမှာ သုံးကြတယ်။အနှစ်ကို မလေးရှားပို့ရာက သရက်ခြမ်းအခြောက်တွေ စမ်းပို့မည်ဖြစ်ကြောင်း၊ သရက်သီးခြမ်း အခြောက်က နိုင်ငံခြားမှာ ခေတ်စားတယ်” ဟု NT Star Group မှ ဒေါ်ဥမ္မာကျော်က ပြောကြားသည်။
Crd : The Mirror #Myanmar_Online_News

0 comments:

Post a Comment