Tuesday, June 16, 2020

ကိုဗစ်ကာလအတွင်း လျှော့ချပြေးဆွဲခဲ့ရာမှ ရထား တိုးချဲ့ပြေးဆွဲမှု ယနေ့စတင်

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသည်များ အဆင်ပြေစေရေးအတွက် ခရီးဝေးရထားများနှင့် ရန်ကုန်မြို့ပတ်ရထားများကို ကိုဗစ်ကာလအတွင်း လျှော့ချပြေးဆွဲခဲ့ရာမှာ ယနေ့ ဇွန်လ ၁၆ ရက်မှစတင်၍ တိုးချဲ့ပြေးဆွဲခဲ့ကြောင်း သိရသည်။
တိုးချဲ့ပြေးဆွဲပေးသည့် ခရီးဝေးရထားလမ်းပိုင်းများမှာ ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်- မော်လမြိုင်လမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတို့ဖြစ်ကြောင်း သိရသည်။
ခရီးဝေးရထားပြေးဆွဲမှုတွင် ခရီးသည်တဦးလျှင် နှစ်ယောက်စာထိုင်ခုံကိုရောင်းချပေးသော်လည်း လက်မှတ်တစောင်စာကျသင့်ခကိုသာယူကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲပေးခြင်းဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး၏ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။
ယနေ့မှစတင်ပြီး မြို့ပတ်လမ်းပိုင်းကို ကိုဗစ်ကာလကပြေးဆွဲပေးသည့် အစင်းရေထက် ၂ စင်းတိုး၍ ၂၀ စင်းဖြင့်ပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးဝေးရထားလမ်းပိုင်းအနေဖြင့် ကိုဗစ်ကာလကထက် လမ်းကြောင်း ၃ခု ထပ်တိုးပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
crd-News Watch #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment