Thursday, June 18, 2020

မန္တလေး-လားရှိုး ပြည်‌ ထောင်စုလမ်းပိုင်းရှိ ဂုတ်တွင်းလမ်း ခရီးသည်တင်ကားတိမ်းမှောက်မှု သုံးဦးသေ၊ ၁၃ ဦး ဒဏ်ရာရ

မန္တလေး-လားရှိုး ပြည်‌ထောင်စုလမ်းပိုင်းရှိ ဂုတ်တွင်းလမ်းတွင် ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ကာ လမ်း ဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့သောကြောင့် သုံးဦးသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရခဲ့သည်။
ဂုတ်တွင်း လမ်းပိုင်း၏ တောင်ဆင်း၊ တောင်တက်ကွေ့ အများဆုံးဖြစ်သော ဒေသအခေါ် ကုလားမကွေ့တွင် ဇွန် ၁၇ရက် နံနက် ၃ နာရီခွဲခန့်က အထက်ပါ ယာဉ်မတော်တဆမှုဖြစ်ခဲ့သည် ဟု နောင်ချိုမြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲအုပ်ခင်မောင်မြင့်က ပြောသည်။
‘‘ကားဆရာက မဖြစ်ခင် လေးမှာ ကိုင်ထားကြ၊ ကားတော့ ဘရိတ်ပေါက်ပြီဆိုပြီး ပြောတယ် တဲ့။ ခရီးသည်တွေ ပြောပြတာ’’ ဟု ရဲအုပ်ခင်မောင်မြင့်ကပြော သည်။
ဘရိတ်ပေါက်ပြိး ထိုးကျခဲ့ သော ကားသည် မကွေးမြို့မှ လားရှိုးအပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသသို့ ပြေးဆွဲသည့် ကားဖြစ်သည်။ လမ်း၏ကွေ့ပေါင်း ၁၄ ကွေ့ရှိသည့်အနက် ခုနစ်ဆင့် မြောက်ကွေ့မှ ငါးဆင့်မြောက် ကွေ့သို့ ထိုးကျသွားကြောင်း ၎င်း ကဆိုသည်။
ကားပေါ်တွင် ခရီးသည် ၁၄ ဦးနှင့် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်အပါအဝင် စုစု ပေါင်း ၁၆ ဦးလိုက်ပါလာခဲ့ပြီး ယာဉ်မောင်းနှင့် ခရီးသည်နှစ်ဦး သည် နေရာတွင်ပင် သေဆုံးခဲ့ သည်။
ဒဏ်ရာရခရီးသည်များကို နောင်ချိုနှင့် ပြင်ဦးလွင်ဆေးရုံသို့ တင်ပို့ထားပြီး သေဆုံးသူတို့၏ ရုပ်အလောင်းများကို သက်ဆိုင် ရာမြို့နယ်များသို့ ပို့ပေးရန် စီစဉ် နေသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ခဲ့သည့် စေတနာမွန်ပရဟိတ အသင်းမှ ကိုကျော်ဇေယျက ပြောသည်။
သေဆုံးဒဏ်ရာရမှုများခဲ့ သော အထက်ပါ ယာဉ်တိမ်း မှောက်မှုကို စေတနာမွန်ပရဟိတ အသင်းအပါအဝင် ဒေသတွင်းအ ခြေစိုက် လူမှုရေးအသင်းများက ကူညီကယ်ဆယ်ရေး ဆောင်ရွက် ခဲ့ကြသည်။ ယာဉ်တိမ်းမှောက်မှုကို ရဲ တပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေ သည်ဟု ရဲအုပ်ခင်မောင်မြင့်က ပြောသည်။
၂၀၂၀ ပြည့်နှစ်အတွင်း အ ဆိုးရွားဆုံးဖြစ်ခဲ့သော ယာဉ်တိမ်း မှောက်သည့်နေရာတွင် ဌာန ဆိုင်ရာများနှင့် ဒေသတွင်းပရဟိ တအဖွဲ့များက ဇွန်လ ၁၇ရက် ညနေတွင် သံဃာတော်များအား ပင့်ဖိတ်ကာ ပရိတ်တရားနာခဲ့ကြ သည်။
Source - 7Day

0 comments:

Post a Comment