Sunday, June 21, 2020

ကိုဗစ်ကာလမှာ စားသောက်ဆိုင်လုပ်ငန်းတွေကနေ ဒေါ်လာ သန်း ၆၀ ကျော် ဝင်ငွေလျော့ကျခဲ့

ကိုဗစ်ကာလမှာ အစားအသောက်နဲ့အဖျော်ယမကာကဏ္ဍကနေ ဝင်ငွေရရှိမှုဟာ ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် လျော့ကျခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေး သက်ရောက်မှုစစ်တမ်းအရ သိရပါတယ်။
ကိုဗစ်ကာလ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိကို ဝင်ငွေရရှိမှုက အမေရိကန်ဒေါ်လာ သန်း ၅၈.၅၄၅ သာရှိပြီး မနှစ်က ၂၀၁၉ခုနှစ် ပထမ ၅ လဝင်ငွေက အမေရိကန်ဒေါ်လာ သန်း၁၂၅. ၄၉၃ ရှိခဲ့တယ်လို့ သိရပါတယ်။ ရာခိုင်းနူန်းနဲ့ဆိုရင် မနှစ်ကထက် ၅၃ ရာခိုင်နူန်း လျော့ကျသွားတာဖြစ်ပါတယ်။
"ကိုဗစ်ကာလ စားသောက်ဆိုင်လုပ်ငန်းတွေ ထိခိုက်မှုအတော်ဆိုးဝါးပါတယ်။ တချို့ဆိုင်တွေဆို ပြန်တောင်ဖွင့်နိုင်ပါ့မလား မသေချာဘူး။တော်တော်လး ထိခိုက်တယ်။ zero income ပုံစံ ဖြစ်သွားတော့ တချို့ဆိုင်တွေတော်တော်ထိခိုက်တယ်။ တကယ်တမ်း အခုပြန်ဖွင့်တဲ့အချိန်မှာတောင် ပြန်ဖွင့်နိုင်ဖို့ တော်တော်ခက်ခဲသွားပြီ။" လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းကပြောပါတယ်။
ကိုဗစ် ၁၉ ရောဂါ မြန်မာနိုင်ငံမှာ စတင်ကူးစက်ခံရပြီးချိန်ကတည်းက တိုင်းနှင့်ပြည်နယ် အားလုံးမှာရှိတဲ့ စားသောက်ဆိုင်တွေ ၊ ဘားတွေ အပါအဝင် KTV စတာတွေကို ယာယီ ပိတ်စေခဲ့ပြီး လက်ဘက်ရည်ဆိုင်နဲ့ ထမင်းဆိုင် ၊ အဆာပြေ စားစရာဆိုင်တွေကိုတော့ ပါဆယ်စနစ်နဲ့ရောင်းချစေခဲ့ပါတယ်။ဒါပေမယ့်လည်း ဝယ်ယူစားသုံးသူ နည်းပါးခဲ့တာကြောင့် ဆိုင်အများစုက မဖွင့်လှစ်ခဲ့ပါဘူး။
လက်ရှိ ရန်ကုန်မှာတော့ စားသောက်ဆိုင်တွေ၊ လက်ဘက်ရည်ဆိုင်တွေဟာ ကိုဗစ် ၁၉ ရောဂါမပြန့်ပွားရေး သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်တွေနဲ့အညီဆိုပြီး ပြန်လည်ဖွင့်လှစ်တာကိုတွေ့ရပါတယ်။ကျန်တိုင်းနဲ့ပြည်နယ် တွေမှာလည်း ပြန်လည်ဖွင့်လှစ် ရောင်းချတာတွေရှိနေပါပြီ။
စားသောက်ဆိုင်လုပ်ငန်းရှင်တွေကတော့ ကိုဗစ်ကာလ ကုစားမှုအဖြစ် အစိုးရကနေ ချေးငွေတွေ ထုတ်ချေးပေးဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment