Wednesday, June 24, 2020

ဆယ်တန်းအောင်စာရင်းဟု အမည်ပေးထားသည့် အက်ပလီကေးရှင်း ပညာရေးဝန်ကြီးဌာနမှမဟုတ်

"ဆယ်တန်းအောင်စာရင်း"ဟု အမည်ပေးထားသည့် အက်ပလီကေးရှင်းသည် ပညာရေးဝန်ကြီးဌာနမှ ရေးဆွဲထားခြင်း မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
"ကျွန်တော်တို့ဆီက ဆော့ဖ်ဝဲ၊ အက်ပလီ ကေးရှင်း မထွက်ပါဘူး။ ဝက်ဘ်ဆိုက်ကပဲ တင်တာပါ။ အောင် စာရင်းထွက်ဖို့ အခြေအနေတွေက အခုထိတော့ ဘာမှပြောလို့မရသေးဘူး။ အက်ပလီကေးရှင်းက တင်ဖို့ လည်း မရှိပါဘူး။ ဝက်ဘ်ဆိုက်ကပဲ တင်တာပါ။ တရားဝင် ဖေစ့်ဘွတ်ခ်တို့၊ ဝက်ဘ်ဆိုက်တို့က ကြေညာမှာပါ"ဟု ၎င်းက ပြောဆိုသည်။ လက်ရှိတွင်ဆယ်တန်း အောင်စာရင်းဟုမည် ဖြင့် Application ထွက်ရှိနေပြီး ယင်းစာမျက်နှာတွင် ၂၀၂၀ ပြည့်နှစ် တက္က သိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဇူလိုင် ၁၈ရက် ထွက်ရှိမည်ဖြစ်ကြောင်း၊ အောင် စာရင်းများကို ထိုစာမျက်နှာတွင် ထည့်သွင်း ဖော်ပြသွား မည် ဖြစ်ကြောင်း သ တင်းကောင်း ပါးအပ်ပါသည်ဟု ရေးသားထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာနှစ်ဦး မတ် ၂၃ ရက်တွင် စတင် တွေ့ရှိ ခဲ့ပြီးနောက် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ကျင်းပလျက်ရှိသည့် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲများနှင့် ၂၀၂၀ ပြည့်နှစ် အဖြေလွှာ စစ်ဆေးခြင်းလုပ်ငန်းများကို မတ် ၂၄ ရက်မှ စတင်ကာ ရပ်ဆိုင်းခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများကို ဇွန် ၅ ရက်မှသာ စတင်စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ရက် တွင် စတင် ကျင်းပခဲ့ရာ မြန်မာစာဘာသာ ရပ် ဖြေဆိုသည့်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာစစ်ဌာန ၁၉၈၄ ခု၊ နိုင်ငံခြားစာစစ်ဌာန ၁၅ ခု စုစု ပေါင်း စာစစ်ဌာန ၁၉၉၉ ခုတွင် စာရင်းသွင်း အင်အား ၉၇၁၄၀၇ ဦး အနက် ၉၁၀၂၇၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက် ကွက်သူ ၆၁၁၃၄ ဦး ရှိခဲ့ကြောင်း သိရသည်။
Ref ; The Standard Time Daily

0 comments:

Post a Comment