Thursday, June 18, 2020

ပြန်ကြာရေးဝန်ကြီးဌာနက ဖြန့်ချီနေတဲ့ နိုင်ငံပိုင်သတင်းစာတွေ သန်းချီ အမြတ်ရ ဟုဆို

ပြန်ကြာရေးဝန်ကြီးဌာနက ဖြန့်ချီနေတဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ အမြတ်ငွေ သန်းချီပြီး ရရှိနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေက ပြောကြား ပါတယ်။ ဇွန်လ (၁၇) ရက် က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲမှာ ဦးသက်ဆွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“အားလုံးခြုံပြီးပြောရင် ကျွန်တော်တို့ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အမြတ်ငွေ သန်းချီပြီးတော့မှ ရရှိပါတယ်”လို့ ဦးသက်ဆွေက ဆိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ နိုင်ငံပိုင်သတင်းစာ သုံး ဆောင်ရှိပြီး အဲဒီထဲက ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေအနေနဲ့ သတင်းနှင့် စတင်ထုတ်ဝေချိန်ကနေ ဒီကနေ့အချိန်အထိ အရှုံးပေါ်တာမရှိဘဲ အမြတ်ငွေရရှိနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
လက်ရှိ သတင်းစာဝယ်ယူဖက်ရှုမှု ကျဆင်းလာနေတဲ့အတွက် Myanmar Digital News အမည်နဲ့ အွန်လိုင်းသတင်းစာကို စတင်လုပ်ဆောင်နေပြီး အဲဒီကနေ အမြတ်ငွေရရှိအောင် လုပ်ဆောင်သွားဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။
“သတင်းစာစောင်ရေရဲ့ အနေအထားအပေါ်မှာ မူတည်ပြီးတော့မှ ကျွန်တော်တို့က လက်ဦးမှု ရယူပြီးတော့မှ အောင်မြင်အောင်လုပ်ဖို့အတွက်ဆိုပြီးတော့ platform တစ်ခု ပြောင်းတဲ့သဘောပါ”လို့ ဦးသက်ဆွေက ပြောပါတယ်။
Myanmar Digital News ကို အောင်မြင်နေတဲ့ သတင်းမီဒီယာတွေ၊ လူကြည့်များတဲ့ မီဒီယာတွေနဲ့ ပြင်ပကြော်ငြာတွေရရှိပြီး အောင်မြင်စွာ ရပ်တည်နေနိုင်တဲ့ မီဒီယာတွေ လို ဖြစ်အောင် လုပ်ဆောင်ဖို့ကိုလည်း တွန်းအားပေးနေပေမယ့် လက်ရှိအချိန်မှာတော့ လူ ၃၀ ဦးနဲ့သာ စုဖွဲ့လုပ်ဆောင်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Ref ; One News Myanmar

0 comments:

Post a Comment