Wednesday, June 17, 2020

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း(၁၈ဝ)၊မဲဆန္ဒနယ်ပေါင်း(၄၂၅)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစညပါတီအနေဖြင့် မြို့နယ်ပေါင်း(၁၈ဝ)၊မဲဆန္ဒနယ်ပေါင်း(၄၂၅)၌ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာ၌ လူငယ် လူလပ်များကိုအထူးဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်းပါတီအထွေထွေအတွင်းရေးမှူး ဦးသိန်းထွန်းက ဗဟိုကော်မတီဌာနချုပ် ၌ (၁၆-၆-၂၀၂၀)ရက်နေ့ နေ့လည်(၁၂)နာရီ၌ကျင်းပပြုလုပ်သော နိုင်ငံရေးကော်မတီကြီးအစည်းအဝေးတွင် အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အစည်းအဝေးသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသိန်းထွန်းသည် ၁၂ : ၃၀ အချိန်တွင် ဗဟိုကော်မတီဌာနချုပ်၌ကျင်းပသော နိူင်ငံရေးကော်မတီကြီးအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးသို့ နိူင်ငံရေးကော်မတီကြီးတာဝန်ခံ ၊ ရန်ကုန်တိုင်း စည်းရုံးလှုပ်ရှားရေးအဖွဲ့ခေါင်းဆောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးခင်မောင်သိန်းနှင့် နိူင်ငံရေးကော်မတီကြီးကော်မတီဝင် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူးက ရွေးကောက်ပွဲအကြိုကာလ နိူင်ငံရေးပါတီများ၏ အခြေအနေ ၊ မိမိတို့ပါတီ၏ ဖွဲ့စည်းလှုပ်ရှားမှု အခြေအနေ ၊ ငြိမ်းချမ်းရေးလုပ်ငန်းများ အခြေအနေ ၊ နိူင်ငံတကာ၌ မတည်မငြိမ်ဖြစ်နေသော နိူင်ငံရေး အခြေအနေ ၊ Covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေး အခြေအနေ ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တိုင်း ၊ ပြည်နယ် ၊ မြို့နယ်များမှ ပါတီဝင်များကတက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်းပြောကြားသည်။
Covid 19 ကာလအတွင်း ဗဟိုနှင့် တိုင်း ၊ ပြည်နယ် ၊ မြို့နယ်များ ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် Online media ကို အသုံးပြု​ပြီးဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်နိူင်ခဲ့ပုံကိုလည်း အထွေထွေအတွင်းရေးမှူးက ရှင်းလင်းပြောကြားသည် ။
ဆက်လက်၍ လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ပါတီအနေဖြင့် မြို့နယ်ပေါင်း ( ၈၀ ) ၊ မဲဆန္ဒနယ်ပေါင်း ( ၄၂၅ ) ၌ ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာ၌ လူငယ် ၊ လူလပ်များကို အထူးဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့သည်။
နိူင်ငံရေးကော်မတီကြီးတာဝန်ခံ ဦးခင်မောင်သိန်းကလည်း ရန်ကုန်တိုင်းအတွင်း စည်းရုံးရေးအခြေအနေကို ရှင်းလင်းပြောကြားရာ အစည်းအဝေးတက်ရောက်လာကြသော နိူင်ငံရေးကော်မတီဝင်များက ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီအနေဖြင့် ဖြည့်စွက်ဆောင်ရွက်သင့်သည်များကို အကြံပြုတင်ပြကြသည်။ အကြံပြုချက်များပေး​ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း အထွေထွေအတွင်းရေးမှူးကပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
Crd : တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ National Unity Party #Myanmar_Online_News

0 comments:

Post a Comment