Saturday, June 20, 2020

နှစ်နိုင်ငံ တင်းမာမှုများမြင့်တက်နေစဉ် မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားဆန့်ကျင်သည့် လက်ကမ်းစာစောင်များအား နယ်စပ်ဒေသတွင် ဝါဒဖြန့်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

မြောက်ကိုရီးယားနိုင်ငံသည် ပြည်ပြေးများနှင့် တောင်ကိုရီးယားနိုင်ငံအား ပြစ်တင်ရှုတ်ချခဲ့ပြီး နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်နေစဉ် တောင်ကိုရီးယားနယ်စပ်သို့ ဝါဒဖြန့် လက်ကမ်းစာစောင်များပေးပို့ရန် ပြင်ဆင်နေကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်း ဌာနမှ ဇွန်လ ၂၀ ရက်နေ့က ပြောကြားခဲ့ပါသည်။
တစ်နိုင်ငံလုံးရှိ အမျက်ဒေါသထွက်နေသည့် မြောက်ကိုရီးယားနိုင်ငံသားများသည် အလွန်များပြားသည့် လက်ကမ်းစာစောင်များဖြန့်ဝေရန် ပြင်ဆင်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း KCNA သတင်းဌာနမှ ပြောကြားခဲ့ပါသည်။
KCNA သတင်းဌာနမှ လုပ်ရပ်တိုင်းအတွက် သင့်တော်သည့် တုံ့ပြန်မှုရှိသင့် ကြောင်း၊ လူတစ်ဦးသည် မိမိကိုယ်တိုင်ခံစားရမှသာလျှင် မည်မျှဒေါသထွက်စရာ ကောင်းသည်ကို သိရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် နယ်စပ်ဖြတ်ကျော်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည့်အတွက် မြောက်ကိုရီးယားပြည်ပြေးများကို ပြစ်တင်ဝေဖန်ခဲ့ပြီး စစ်ရေး အရ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံသည် ပြည်ပြေးများ လက်ကမ်းစာစောင်ဖြန့်ဝေနေခြင်းကို တားဆီးခြင်းမပြုသည့်အတွက် ဇွန်လ ၁၆ ရက် နေ့တွင် မြောက်ကိုရီးယားနိုင်ငံမှ ကိုရီးယားနှစ်နိုင်ငံကြား ပူးတွဲဆက်ဆံရေးရုံးကို ဖောက်ခွဲ ခဲ့ပါသည်။
မြောက်ကိုရီးယားပြည်ပြေးတစ်ဦး ဦးဆောင်သည့်အဖွဲ့မှ မြောက်ကိုရီးယားနိုင်ငံ သို့ ဆန်၊ ဆေးဝါးနှင့် face mask များ ပါဝင်သည့် ရာပေါင်းများစွာသော ပလပ် စတစ်ပုလင်းများပေးပို့မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း၊ ၎င်းပစ္စည်းများအား နယ်စပ်အနီးရှိ ပင်လယ်ထဲသို့ ပစ်ချခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ကိုရီယားနှစ်နိုင်ငံသည် ၎င်းတို့၏ ၁၉၅၀-၅၃ ခုနှစ် ပဋိပက္ခတွင် ငြိမ်းချမ်းရေး သဘောတူညီချက်မရရှိဘဲ ပြီးဆုံးခဲ့သည့်အတွက် လက်ကမ်းစာစောင်စည်းရုံးလှုံ့ဆော်မှု များကို ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ပါသည်။
တောင်ကိုရီးယားစစ်တပ်သည် စစ်မဲ့ဇုန်တစ်လျှောက်တွင် မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ အသုံးပြုခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ၎င်းအစီ အစဉ်ကို အဆုံးသတ်ခဲ့ပါသည်။
မြောက်ကိုရီးယားပြည်ပြေးများ ဦးဆောင်သည့် အဖွဲ့များသည် အစားအစာ၊ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ၊ ရေဒီယိုအသေးစား၊ တောင်ကိုရီးယား ရုပ်ရှင်များနှင့် သတင်းများပါဝင်သည့် USB stick များနှင့်အတူ လက်ကမ်းစာစောင်များကို နယ်စပ် တစ်လျှောက်တွင် မိုးပျံပူဖောင်းများ သို့မဟုတ် မြစ်ထဲတွင် ပုလင်းများဖြင့် ပုံမှန်ပေးပို့ လေ့ရှိပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားဆန့်ကျင်ရေးလက်ကမ်းစာစောင်များ ပေးပို့ရန် မိုးပျံပူဖောင်းများကို အသုံးပြုခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံသားများသည် ယခင်က မြောက်ကိုရီးယားနိုင်ငံမှ လက်ကမ်းစာစောင်များနှင့်ပတ်သက်၍ သတင်းပို့လျှင် စာရေးကိရိယာများဖြင့် ဆုချီးမြှင့်ခြင်းခံခဲ့ရပါသည်။
Source : Channel News Asia
“North Korea prepares anti-South leaflets amid heightened tensions”

0 comments:

Post a Comment