Saturday, June 20, 2020

အမေရိကန်မှ အစပြုဖြစ်ပွားလာသော လူမျိုးရေးခွဲခြားမှုနှင့် ပတ်သက်သည့် ဝေဖန်မှုများကို စိတ်ပျက်နေသည့် ဘယ်ဂျီယံရဲတပ်ဖွဲ့ဝင် ၃၅၀ ဦးခန့် လက်ထိတ်ပစ်ချ ဆန္ဒပြမှုပြုလုပ်

ရဲတပ်ဖွဲ့အပေါ် တရစပ် ဝေဖန်တာကို စိတ်ပျက်မိတယ်လို့ ပြောဆိုပြီး ဇွန်လ ၁၉ ရက်မှာ ဘယ်ဂျီယံရဲဝန်ထမ်း ၃၅၀ လောက် လက်ထိပ်တွေ ပစ်ချဆန္ဒပြခဲ့ပါတယ်။
အမေရိကန်လူမည်း ဂျော့ဖလွိုက် သေဆုံးတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ လူမျိုးရေးခွဲခြားမှု နဲ့ ရက်စက်မှုအပေါ် ကမ္ဘာတဝှမ်းဆန္ဒပြပွဲတွေ ကူးစက်ခဲ့ပြီနောက်မှာ အခုလိုမျိုး ဘယ်ဂျီယံရဲတွေ က တန်ပြန်ဆန္ဒပြလိုက်တာပါ။
ဘရပ်ဆဲမြို့တရားရုံးရှေ့မှာ ယူနီဖောင်းနဲ့ အရပ်ဝတ်ရဲတွေ တန်းစီပြီး ရဲဝန်ထမ်းတံဆိပ်နဲ့ လက်ထိပ်တွေကို ပစ်ချဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြ ရဲအရာရှိတဦးကလည်း ဒါဟာ အမေရိကန်နိုင်ငံမဟုတ်ဘဲ အားလုံးကို ဝါးလုံးရှည်နဲ့ သိမ်းပြီး ဝေဖန်တာမျိုး ရပ်တန်းက ရပ်သင့်တယ်လို့ ပြောဆိုခဲ့တယ်။
ဂျော့ဖလွိုက်သေဆုံးရတာဟာ ကြားမကောင်းတဲ့ သတင်းဖြစ်ပြီး လူမျိုးရေးခွဲခြားစိတ်ရှိတဲ့ ဘယ်ဂျီယံရဲတွေကို အလုပ်က ထုတ်ပစ်ရမှာ ဖြစ်ပေမယ့် အများစုကတော့ အလုပ်ကို ကောင်းကောင်း လုပ်နေသူတွေ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။
လူမည်း နှစ်ယောက်ကို ရဲတွေ နှောင့်ယှက်တာကို ဗွီဒီယိုရိုက်ခဲ့တာကြောင့် တွန်းထုတ်ခံရတဲ့ ဥရောပပါလီမန် လူမည်းအမတ်ကိစ္စကိုလည်း စုံစမ်းနေတယ်လို့ ဘယ်ဂျီယံရဲတပ်ဖွဲ့က ဇွန်လ ၁၇ ရက်မှာ ပြောဆိုခဲ့ပါတယ်။
Crd : DVB

0 comments:

Post a Comment