Monday, June 15, 2020

ပြည်ထောင်စုဝန်ကြီးနှင့်ဒုဝန်ကြီးများအတွက် အိမ်ယာတည်ဆောက်မှုနှင့်ပတ်သက်၍ မသိဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပြော

ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနှင့် အရေးကြီးပုဂ္ဂိုလ်များအတွက် နေပြည်တော်တွင် အိမ်ယာများချထားပေးရန် အစီအစဉ်များရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မသိရှိ ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပြောသည်။
ဇွန် ၁၄ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သော အစိုးရ ၄ နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိ နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများအတွက် အိမ်ယာများတည်ပြီးထားရှိပေမယ့်လည်း ယခုကဲ့သို့ သတင်းများထွက်ပေါ်မှုကြောင့် ဝေဖန်မှုများလည်းရှိနေသည်။
အထက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းကို မေးခဲ့ခြင်းလည်းဖြစ်သည်။
Ref ; People Media

0 comments:

Post a Comment