Sunday, June 21, 2020

ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနရှေ့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများ၏သွေးကဲ့သို့ ဆေးနီများ ပက်ဖျန်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူတွေရဲ့ သွေးလို ဆေးနီတွေကို ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရှေ့တံခါးတွေမှာ တက်ကြွလှုပ်ရှားသူ အဖွဲ့တစ်ဖွဲ့က ဇွန်လ ၂၀ ရက်မှာ သရုပ်ဖော် ပက်ဖျန်းခဲ့ပါတယ်။
အတက်ရှ် ဆိုတဲ့ တက်ကြွလှုပ်ရှားအဖွဲ့က အစိုးရခေါင်းဆောင်တွေ ဂရုမစိုက်တဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ ဒုက္ခတွေကို ပြောဆိုခဲ့သလို ပြင်သစ်အစိုးရကိုလည်း မထီမဲ့မြင်ဆုကြီး ပေးအပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုဟာ လူပေါင်းထောင်ချီ သေဆုံးမှုအတွက် အစိုးရမှာ တာဝန်ရှိတယ်ဆိုတာကို ပြသတာလို့ အတက်ရှ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ပြင်သစ်ကျန်းမာရေးလုပ်သားတွေဟာ အလုပ်ခွင်အခြေအနေ ဆိုးရွားမှု၊ လစာနည်းပါးမှုနဲ့ အလုပ်ခွင် လိုအပ်တဲ့ပစ္စည်းတွေ ကင်းမဲ့မှုကို ဖြေရှင်းပေးဖို့ ဇွန်လ ၁၆ ရက်က အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Ref ; DVB

0 comments:

Post a Comment