
ဂျာမနီနိုင်ငံက ကိုဗစ်ကာလအတွင်း မြန်မာ့အထည်ချုပ်စက်ရုံတစ်ခုထံမှအထည် ၄သန်းမှာယူခဲ့ကြောင်းသိရသည်။အထည်မှာယူခံခဲ့ရသော စက်ရုံမှာ ပဲခူး ရေတာရှည်မြို့နယ် ရေနီစက္ကူစက်ဧရိယာအတွင်း လည်ပါတ်နေသည့် အထည်ချုပ်စက်ရုံတစ်ရုံဖြစ်ကာ အဆိုစက်ရုံမှာ လုပ်သား ၃၆၀၀ရှိ စက်ရုံတစ်ရုံဖြစ်သည်ဟု ရေနီအထည်ချုပ်စက်ရုံများကိုဦးစီးလုပ်ကိုင်နေသော လက်ဝါးကုမ္ပဏီ၏မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်အေးက Myanmar Harpကိုပြောသည်။
“ကိုဗစ်ကြောင့် ပြည်တွင်းမှာ အထည်ချုပ်တွေ အော်ဒါလျှော့ခံရတာ ရှိတယ်။ဒါပေမယ့် ရေနီမှာ တော့ အော်ဒါက ရှိနေသေးတာကြောင့် ဆက်လုပ်နေရပါတယ်။အခုလည်း ဂျာမနီက အော်ဒါ ၄ သန်းလောက် ရတယ်။ကျွန်တော်တို့ အနေနဲ့ ဒီဒေသရဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ဖော်ဆောင်ပေးဖို့ ရည်ရွယ်ထားတဲ့အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု ဒေါက်တာခင်မောင်အေးကပြောသည်။
လက်ရှိတွင် ကိုဗစ်ကြောင့် မြန်မာ့အထည်ချုပ်အများစုမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသောလည်း စက်ရုံအချို့မှာမူ ဥရောပနိုင်ငံများ၏ အမှာစာများကို ရရှိခဲ့သည်ဟု သိရသည်။

Ref ; နောင်နောင်/Myanmar Harp Media
0 comments:
Post a Comment