Monday, June 15, 2020

နိုင်ငံတော်အတိုင်ပင်ခံ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုဗစ်တိုက်ဖျက်ရေးအတွက် ဂျပန်ယန်း ၃၆၀၀၀၀ ကျော်ကို ဂျပန်ရောက်မြန်မာများ လှူဒါန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ (၇၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအတွက် အသုံးပြုနိုင်ရန် အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလှူရှင်များကိုယ်စား ဂျပန်ယန်း ၃၆၆၀၀၀ ကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ယနေ့တွင် မြန်မာသံအမတ်ကြီးထံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း တိုကျိုရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်လိုက်သည်။
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ (၇၅)နှစ်မြောက်မွေးနေ့အထိမ်း အမှတ်အဖြစ်ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများမှ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများ တွင်အသုံးပြုနိုင်ပါရန် ဂျပန်ယန်းငွေ၃၆၆,၀၀၀.၀၀(ယန်းသုံးသိန်းခြောက်သောင်း ခြောက်ထောင် တိတိ) ကို ယနေ့ မြန်မာသံအမတ်ကြီးထံ လာရောက်လှူဒါန်းခဲ့ကြပါသည်။
ယင်းသို့ လှူဒါန်းရာတွင် သံအမတ်ကြီးက ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလှူရှင် များကိုယ်စား လာရောက်လှူဒါန်းသူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး၊ ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ လှူဒါန်းငွေများကို အသက်ရှူလမ်း ကြောင်းဆိုင်ရာကူးစက်ရောဂါ (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး ရန်ပုံငွေသို့ ဆက် လက် ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်သံရုံး
တိုကျိုမြို့

0 comments:

Post a Comment