Monday, June 22, 2020

ရွေးကောက်ပွဲအတွက် တပ်မတော်မှ လုံခြုံရေးအပြင်လိုအပ်ချက်မှန်သမျှ လုပ်ဆောင်ပေးမည်

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်အနေဖြင့် လုံခြုံရေးအပြင် လိုအပ်ချက်မှန်သမျှ လုပ်ဆာင်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖှဲ့၏ အတွင်းရေးမှူးဖြစ်သူ အတွင်းဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောသည်။
ဇွန်လ ၂၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး၀န်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း မှ ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အသက်သည် ရွေးကောက်ပွဲဖြစ်တယ်။ ရွေးကောက်ပွဲ မရှိပဲ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်လာစရာအကြောင်းမရှိဘူး။တပ်မတော်က စတင်ဆောင်ရွက်ခဲ့တတဲ့ လမ်းကြောင်းဖြစ်တယ်။ တပ်မတော်က စတင်ဆောင်ရွက်ခဲ့တဲ့ လမ်းကြောင်းဖြစ်တဲ့ အတွက် ဒီမိုကရေစီပါတီစုံစနစ်ခိုင်မာရေးအတွက် အသက်ဖြစ်တဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်လာပြီးရင် တပ်မတော်အနေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာကော ဒီပြင် လိုအပ်ချက်မှန်သမျှကော လုပ်ဆောင်ပေးသွားမှာဖြစ်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
တပ်မတော်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကာက်ပွဲကြီးတွင် လုံခြုံရေးပိုင်းဆိုင်ရာကိစ္စများတင်သာမကပဲ ဆန္ဒမဲလက်မှတ်များနှင့် ပတ်သက်ပြီး မဲပုံးများ အချိန်မီရောက်ရှိရေးအတွက် ခက်ခဲသည့် ဒေသများ တွင် တပ်မတော် မှ ရဟတ်ယာဉ်များလေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် တပ်မဲရုံများပြင်ပထားရှိရေး ကိစ္စနှင့် ပတ်သက် ၍လည်း ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဥ်းစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို နို၀င်ဘာလ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေး ကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ဦးရေသည် ၃၇ သန်းကျော်ရှိပြီး မဲရုံပေါင်း လေးသောင်းကျော်လျာထားကြောင်းသိရသည်။
Ref-TheFifthWaveNews #Myanmar_Online_News
>>zawgyi<<
ရွေးကောက်ပွဲအတွက် တပ်မတော်မှ လုံခြုံရေးအပြင်လိုအပ်ချက်မှန်သမျှ လုပ်ဆောင်ပေးမည်

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်အနေဖြင့် လုံခြုံရေးအပြင် လိုအပ်ချက် မှန်သမျှ လုပ်ဆာင်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖှဲ့၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်က ပြောသည်။
ဇွန်လ ၂၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း မှ ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အသက်သည် ရွေးကောက်ပွဲဖြစ်တယ်။ ရွေးကောက်ပွဲမရှိပဲ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်လာစရာအကြောင်းမရှိဘူး။တပ်မတော်က စတင်ဆောင်ရွက်ခဲ့တတဲ့ လမ်းကြောင်းဖြစ်တယ်။ တပ်မတော်က စတင်ဆောင်ရွက်ခဲ့တဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် ဒီမိုကရေစီပါတီစုံစနစ်ခိုင်မာရေးအတွက် အသက်ဖြစ်တဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်လာပြီးရင် တပ်မတော်အနေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာကော ဒီပြင် လိုအပ်ချက်မှန်သမျှကော လုပ်ဆောင်ပေးသွားမှာဖြစ်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
တပ်မတော်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကာက်ပွဲကြီးတွင် လုံခြုံရေးပိုင်းဆိုင်ရာကိစ္စများတင်သာမကပဲ ဆန္ဒမဲလက်မှတ်များနှင့် ပတ်သက်ပြီး မဲပုံးများ အချိန်မီရောက်ရှိရေးအတွက် ခက်ခဲသည့် ဒေသများ တွင် တပ်မတော် မှ ရဟတ်ယာဉ်များလေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် တပ်မဲရုံများပြင်ပထားရှိရေးကိစ္စနှင့် ပတ်သက် ၍လည်း ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေး ကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ဦးရေသည် ၃၇ သန်းကျော်ရှိပြီး မဲရုံပေါင်း လေးသောင်းကျော်လျာထားကြောင်းသိရသည်။
Ref-TheFifthWaveNews #Myanmar_Online_News

0 comments:

Post a Comment