Tuesday, June 16, 2020

လားရှိုးမြို့မစျေး အပေါ်ထပ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

လားရှိုးမြို့၊ မြို့မစျေးကြီး၊ ချယ်ရီရုံအပေါ်ထပ်တွင် ဖွင့်လှစ်ထားသော ပင်လယ်ပြာ ခေါက်ဆွဲဆိုင်တွင် ယနေ့နံနက်က မီးကြွင်းမီးကျန်မှတဆင့် ဆိုင်တံခါးများ မီးလောင်ကျွမ်းသွားကြောင်းသိရသည်။
မီးလောင်မှုကို အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ပြီး မည်သူမျှထိခိုက်မှု မရှိကြောင်းသိရသည်။
မြို့မစျေးကြီးကို နံနက်(၇:၀၀)နာရီအချိန်တွင် ပုံမှန်အတိုင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Source - Nay Myo

0 comments:

Post a Comment