Thursday, June 25, 2020

ကိုဗစ်ကာလ ၃ လအတွင်း မြန်မာနိုင်ငံတွင် လူပေါင်း ၄၇ဝ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် သေကြောင်းကြံစည်နှုန်း ၄ ဆကျော် ရှိနေ

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ မတ်လ ၂၃ ရက်က စလို့ ဇွန်လ ၂၂ ရက်အထိ သုံးလတာကာလအတွင်း လူပေါင်း ၄၇၀ ဟာ စိတ်ဖိစီးမှုအပါအဝင် လူမှုရေး၊ ကျန်းမာရေး ပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးကျော်သီဟက ပြောပါတယ်။
“ဖြစ်ပွားတာတွေထဲမှာကိုဗစ်ကာလဖြစ်တဲ့အတွက် ကျန်းမာရေးအရ စိုးရိမ်ပူပန်မှုတွေရှိတယ်။ အလုပ်အကိုင်ပြဿနာလေးတွေရှိနိုင်တယ်။ ငွေရေးကြေးရေးအခက်အခဲလေးတွေ ရှိနိုင်တယ်။ နောက်မိသားစုနဲ့ ခွဲခွာနေရတာရှိတယ်။ နောက်ခွဲခြားဆက်ဆံတာတွေ အဲလိုမျိုးပေါ့။ စိတ်ဖိစီးမှုတွေအတွက် အဲလိုမျိုးတွေ ဖြစ်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားတယ်လို့ ကျနော်တို့က သုံးသပ်ရပါတယ်။” ဟု ရဲမှူးကြီးကျော်သီဟက ပြောပါတယ်။
သေကြောင်းကြံစည်သူ ၄၇၀ ထဲမှာ စိတ်ဖိစီးမှုကြောင့်သေကြောင်း ကြံစည်သူက ၁၂၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး လူမှုရေးကိစ္စတွေကြောင့် ၁၁၆ ယောက်၊ ကျန်းမာရေးမကောင်းတာကြောင့် ၇၈ ယောက်၊ စီးပွားရေးပြဿနာကြောင့် ၇၃ ယောက် ၊ အရက်ကြောင်ကြောင်ပြီး သေကြောင်းကြံစည်တာက ၆၅ ယောက်နဲ့ စိတ်ကျရောဂါကြောင့် သေကြောင်းကြံစည်သူ ၇ ယောက် ပါဝင်ပါတယ်။
ကိုဗစ်ကာလဟာ သာမန်မဟုတ်တဲ့ အခြေအနေဖြစ်တာကြောင့် လူတိုင်းနီးပါးစိတ်ဖိစီးမှုတွေ၊ စိတ်ညစ်တာတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ ကြုံတွေ့နိုင်ကြောင်း၊ ဖြစ်သင့် ဖြစ်ထိုက်တာထက် ပိုများတာ၊ နောက်ပိုကြာနေရင်တော့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုအပြင် စိတ်ကျရောဂါတွေ ဖြစ်လာနိုင်ကြောင်း၊ စိတ်ပျော့တဲ့သူဆိုရင် စိတ်ဖိစီးမှုတွေဖြစ်လာနိုင်ကြောင်းနဲ့ ဒီလိုဖြစ်လာပါက စိတ်ပညာရှင်နဲ့ တွေ့ပြီး နှစ်သိမ့်ဆွေးနွေးတာတွေလုပ်သင့်ကြောင်း မြန်မာနိုင်ငံစိတ်ပညာအသင်းက ဒုဥက္ကဋ္ဌ အငြိမ်းစားပါမောက္ခ ဒေါ်သက်ထားဝင်းကပြောပါတယ်။
ဒီလို သေကြောင်းကြံစည်သူ အယောက် ၄၇၀ ထဲမှာ အမျိုးသား ၃၈၂ ယောက်ရှိပြီး ကျန်တဲ့ ၈၈ ယောက်ကတော့ အမျိုးသမီးတွေဖြစ်တဲ့အတွက် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သေကြောင်းကြံစည်တဲ့ နှုန်း ၄ ဆကျော်ရှိပါတယ်။
စိတ်ကျဝေဒနာခံစားရသူတွေအနေနဲ့ မြန်မာနိုင်ငံစိတ်ပညာအသင်းကို ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ အငြိမ်းစားပါမောက္ခ ဒေါ်သက်ထားဝင်းက သူကပြောပါတယ်။
ရဲမှူးကြီးကျော်သီဟကလည်း “ဒါတွေဘယ်လို ကျော်လွှားနိုင်မလဲဆိုတော့ အစိုးရကလည်း ကြေညာထားတာရှိပါတယ်။ လူမှုဝန်ထမ်းကရော၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ စိတ်ပညာအဖွဲ့က နေပြီးမှ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာလအတွင်း ထုတ်ပြန်ထားတာတွေ လိုက်နာပြီး နေထိုင်ကျင့်ကြံရင် အကောင်းဆုံးဖြစ်မယ်လို့ ကျနော် ပြောကြားလိုပါတယ်။”လို့ ကို ပြောပါတယ်။
crd-ဒီဗွီဘီ #Myanmar_Online_News
>>zawgyi<<

crd-ဒီဗြီဘီ #Myanmar_Online_News

0 comments:

Post a Comment