Monday, June 15, 2020

ပြည်ပဆန်တင်ပို့မှုကြောင့် ပြည်တွင်းဆန်စျေးအနည်းငယ်မြင့်တက်လာနိုင်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပြော

ပြည်ပဆန်တင်ပို့မှုကြောင့် ပြည်တွင်းဆန်ဈေးကွက်အခြေအနေ အနည်းငယ်မြင့်တက်လာနိုင်ကြောင်း ဘုရင့်နောင်ကုန်စည် ဒိုင် အတွင်းရေးမှူးဦးသန်းဦးကပြောသည်။
ပြည်ပဆန်တင်ပို့မှုအဖြစ် ပြည်တွင်းမှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၇ သောင်းတင်ပို့ရောင်းချမှုကို ကုမ္ပဏီ ၂၃ ခုမှတင်ဒါအောင်ကာ တင်ပို့သွားမည့်အပေါ် ၎င်းက အထက်ပါအတိုင်းသုံးသပ်ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
“ပြည်တွင်းမှာ လက်ကျန်ဆန်တွေကို ဆန်စက်ပိုင်တဲ့ သိုလှောင်ထားတဲ့လူတွေကကိုင်ထားတာ ဈေးနှုန်းတစ်ခု ကို မကြိုက်ဘဲနဲ့တော့မရောင်းဘူး။ အဲ့ဈေးနှုန်းတွေကြောင့် ပြည်တွင်းက ဈေးနှုန်းကတော့ တစ်အိတ်ကို တစ် ထောင်နှစ်ထောင်တက်သွားနိုင်တယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရေးမှူးဦးသန်းဦးကပြောသည်။
ထို့အပြင် ဆန်ဈေးကွက်တွင် နယ်ကုန်သည်များအရူံးရှိသည့်အတွက် နယ်ကုန်သည်များထံမှ ဆန်ဝင်ရောက်မှု နည်းနေကြောင်း ၎င်းကပြောသည်။
လက်ရှိအချိန်တွင် ဆန်ဈေးကွက် ပုံမှန်အတိုင်းရှိနေပြီး ပြည်ပမှ ထပ်မံဝယ်ပါက ဈေးချက်ချင်းတက်လာနိုင် ကြောင်း၊ ဈေးတက်ဖို့စောင့်နေသောသူများထံမှ ပြန်လည်ဝယ်ယူရမှာဖြစ်ကြောင်း လည်းဘုရင့်နောင်ကုန်စည် ဒိုင် အတွင်းရေးမှူးဦးသန်းဦးကပြောကြားခဲ့သည်။
Ref ; People Media

0 comments:

Post a Comment