Tuesday, June 23, 2020

ပေကျင်းတွင် ယာယီဓာတ်ခွဲခန်းများတည်ဆောက်ပြီး ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုများအား အများအပြား ဆောင်ရွက်ပေးလျက်ရှိ

တရုတ်နိုင်ငံ ပေကျင်းတွင် ယာယီဓါတ်ခွဲခန်းများ တည်ဆောက်ပြီး ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုများကို အများအပြား ဆောင်ရွက်ပေးလျက် ရှိပါသည်။
ကျန်းမာရေးဝန်ထမ်းများသည် ယာယီဓါတ်ခွဲခန်းများအတွင်းမှာ ဓါတ်ခွဲနမူနာ စမ်းသပ်ချက်များကို လုပ်ဆောင်ကြလျက်ရှိပြီး ယာယီဓါတ်ခွဲခန်းများကို အလွယ်တကူ တပ်ဆင်ရွှေ့ပြောင်းနိုင်အောင် ဒီဇိုင်းထုတ်ဖန်တီးထားခြင်းလည်း ဖြစ်ပါသည်။
လက်ရှိပေကျင်းမှာ ရောဂါကူးစက်ခံထားရသူ ပိုးတွေ့လူနာ (၂၂၀)ကျော်ရှိပြီး ရောဂါကူးစက်မှု ဒုတိယလှိုင်းအဖြစ် အစပျိုးလာမှာကို စိုးရိမ်နေကြလျက်ရှိပါသည်။
နိုင်ငံအတွင်းက နေရာ နှစ်ထောင်ကျော်မှ သွေးနမူနာ (၂.၃)သန်းကို ရယူနိုင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုများကိုလည်း လုပ်ဆောင်လျက်ရှိနေပြီဖြစ်ပါသည်။
ပေကျင်းမှာရှိသည့် လတ်ဆတ်သည့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချရာ နေရာ(၇၀)ရာခိုင်နှုန်းကျော်ကိုလည်း ယခုအခါ ပိတ်ထားခဲ့ပြီဖြစ်ကြောင်း သိရပါသည်။
တရုတ်နိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာမှ တာဝန်ရှိသူက ရောဂါကူးစက်မှုအသစ်များကို အတိုင်း အတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် ပေကျင်းတွင် ဖြစ်ပွားမှုအသစ်များ ဆက်လက်မြင်တွေ့လာဖွယ် ရှိနေပါသည်။

0 comments:

Post a Comment