Wednesday, June 17, 2020

သရုပ်ဆောင် မိုးအောင်ရင် ၁၅ ကြိမ်မြောက်ရုံးချိန်းကို ထပ်မံပျက်ကွက်ခဲ့တဲ့အတွက် စွပ်စွဲခံရသူဘက်ရှေ့နေအား တရားသူကြီး နောက်ဆုံးအကြိမ်သတိပေးခဲ့

၁၅ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် အမှုရုံးချိန်းတွင် မိုးအောင်ရင်အနေဖြင့်လာရောက်ခြင်းမရှိသဖြင့် ၎င်း၏ရှေ့နေအား တရားသူကြီးက နောက်ဆုံးအနေဖြင့်သာခွင့်ပြုတော့မည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
ယနေ့ ဇွန်(၁၇ရက်)၌ ရန်ကင်းမြို့နယ်တရားရုံးတွင် ပြန်ခေါ်သက်သေအဖြင့် မခင်မြတ်နိုးကိုစစ်ဆေးရန် ချိန်းဆိုထားပြီး၊ စွပ်စွဲခံရသူမိုးအောင်ရင်က ကျန်းမာရေးမကောင်းဟုဆိုကာ ရုံးတော်သို့ကြိုတင်အသိပေးခြင်းမရှိပါ ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
လာမည့်ရုံးချိန်းကို ဇူလိုင်၈ရက်သို့ပြန်လည်ချိန်းဆိုလိုက်ပြီး၊ ယင်းရုံးချိန်းတွင် မခင်မြတ်နိုးအား ပြန်ခေါ်သက်သေတစ်ကြိမ်စစ်ဆေးကာ စွပ်စွဲခံရသူဘက်ကို စတင်စစ်ဆေးသွားမည်ဖြစ်သည်။
၁၄ ကြိမ်မြောက် ရုံးချိန်းစစ်ဆေးမှုတွင် စွတ်စွဲခံရသူ မိုးအောင်ရင်ဘက်မှလိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေမှာ အထက်တရားရုံးချိန်းနှင့်တိုက်ဆိုင်နေသောကြောင့် ရောက်ရှိလာခြင်းမရှိသည့်အတွက် ယနေ့ ဇွန်လ ၁၇ ရက် သို့ရုံးချိန်းပြန်လည်ချိန်းဆို လိုက်ခြင်းဖြစ်သည်။
မိုးအောင်ရင်အား ရန်ကင်းမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ ဖြင့် စွဲချက်အမိန့်ချမှတ်ခဲ့ သည့်အပေါ် မိုးအောင်ရင်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်ချက် လျောက်ထားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြင်ဆင်ချက် လျောက်ထားမှုအပေါ်ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပယ်ချခဲ့ပြီး စွဲချက်အမိန့်ကို အတည်ပြုခဲ့ကြောင်း သိရသည်။
မင်းရန်နောင်(သတင်း/ဓာတ်ပုံ)
Source - Pyi Myanmar
>>zawgyi<<
သရုပ်ဆောင် မိုးအောင်ရင် ၁၅ ကြိမ်မြောက်ရုံးချိန်းကို ထပ်မံပျက်ကွက်ခဲ့တဲ့အတွက် စွပ်စွဲခံရသူဘက်ရှေ့နေအား တရားသူကြီး နောက်ဆုံးအကြိမ်သတိပေးခဲ့
Wednesday, June 17, 2020
၁၅ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် အမှုရုံးချိန်းတွင် မိုးအောင်ရင်အနေဖြင့်လာရောက်ခြင်းမရှိသဖြင့် ၎င်း၏ရှေ့နေအား တရားသူကြီးက နောက်ဆုံးအနေဖြင့်သာခွင့်ပြုတော့မည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ ယနေ့ ဇွန်(၁၇ရက်)၌ ရန်ကင်းမြို့နယ်တရားရုံးတွင် ပြန်ခေါ်သက်သေအဖြင့် မခင်မြတ်နိုးကိုစစ်ဆေးရန် ချိန်းဆိုထားပြီး၊ စွပ်စွဲခံရသူမိုးအောင်ရင်က ကျန်းမာရေးမကောင်းဟုဆိုကာ ရုံးတော်သို့ကြိုတင်အသိပေးခြင်းမရှိပါ ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
လာမည့်ရုံးချိန်းကို ဇူလိုင်၈ရက်သို့ပြန်လည်ချိန်းဆိုလိုက်ပြီး၊ ယင်းရုံးချိန်းတွင် မခင်မြတ်နိုးအား ပြန်ခေါ်သက်သေတစ်ကြိမ်စစ်ဆေးကာ စွပ်စွဲခံရသူဘက်ကို စတင်စစ်ဆေးသွားမည်ဖြစ်သည်။
၁၄ ကြိမ်မြောက် ရုံးချိန်းစစ်ဆေးမှုတွင် စွတ်စွဲခံရသူ မိုးအောင်ရင်ဘက်မှလိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေမှာ အထက်တရားရုံးချိန်းနှင့်တိုက်ဆိုင်နေသောကြောင့် ရောက်ရှိလာခြင်းမရှိသည့်အတွက် ယနေ့ ဇွန်လ ၁၇ ရက် သို့ရုံးချိန်းပြန်လည်ချိန်းဆို လိုက်ခြင်းဖြစ်သည်။
မိုးအောင်ရင်အား ရန်ကင်းမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ ဖြင့် စွဲချက်အမိန့်ချမှတ်ခဲ့ သည့်အပေါ် မိုးအောင်ရင်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်ချက် လျောက်ထားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြင်ဆင်ချက် လျောက်ထားမှုအပေါ်ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပယ်ချခဲ့ပြီး စွဲချက်အမိန့်ကို အတည်ပြုခဲ့ကြောင်း သိရသည်။
မင်းရန်နောင်(သတင်း/ဓာတ်ပုံ)
Source - Pyi Myanmar

0 comments:

Post a Comment