Sunday, June 21, 2020

ရခိုင်နဲ့ချင်းမှာ အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့်လှုပ်ရှားမှုအဖြစ် ဆူးလေ တံတားမှာစာတမ်းချိတ်ဆွဲ

ရခိုင်နဲ့ ချင်းပြည်နယ်တွေက မြို့နယ် (၈) မြို့နယ်တွင်အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့်တဲ့ ဒီကနေ့ဇွန်လ ၂၁ ရက်နေ့တွငက်ကြွလှုပ်ရှားသူများက အင်တာနက်ဖြတ်တောက်မှုရပ်တန့်ရေးလှုံဆော်ရေးစာတန်းကို ရန်ကုန်မြို့ရှိ ဆူးလေဂုံးတံတားမှာ ချိတ်ဆွဲကာ လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ပါတယ်။
အင်တာနက် ဖြတ်တောက်ခံထားရတဲ့ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကို အင်တာနက်ပြန်ဖွင့်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းများက ၁ နှစ်ပြည့်တိုင်အောင် အစိုးရက လစ်လျူရှုထားနေဆဲဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောကြပါတယ်။
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြားတိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၉ ခုကို ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက် ကတည်းက အစိုးရက အင်တာနက်လိုင်းဖြတ်တောက်ခဲ့ တာပါ။
ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် MPT ၊ Ooredo၊ Telenor နှင့် Mytel စတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေရဲ့အင်တာနက်သုံးစွဲခွင့်ကို ပိတ်ထားခဲ့ခြင်းဖြစ်ပါတယ်။
Ref ; BBC

0 comments:

Post a Comment