Monday, June 22, 2020

ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်မှာ ပထမဆုံး ပါဝင်တာဝန်ထမ်းဖို့ ဘင်္ဂလားဒေ့ရှ်က ရဟတ်ယာဉ် ၃ စင်းပေးပို့

ကုလသမဂ္ဂရဲ့ဗဟို အာဖရိကသမ္မတနိုင်ငံ(CAR)က ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်မှာ ပထမဆုံး ပါဝင်တာဝန်ထမ်းဖို့ ဘင်္ဂလားဒေ့ရှ်လေတပ်ဟာ ရုရှားလုပ်သံချပ်ကာတပ် MI-171SH ရဟတ်ယာဉ် ၃ စင်း ပို့ဆောင်လိုက်ပါတယ်။
ကုလသမဂ္ဂကငှားရမ်းအသုံးပြုတဲ့ Antonov-124 ရဟတ်ယာဉ်ဟာ အဆင့်မြင့်ညကြည့်နည်းပညာတွေ၊ တခြား ကိရိယာတွေနဲ့ လေတပ်အမှုထမ်း ၂ ယောက်ပါတဲ့ရဟတ်ယာဉ်တွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဟာဇတ် ရှာဂျာလယ်နိုင်ငံတကာလေဆိပ်ကနေ CAR မြို့တော် ဘန်ဂွီကို စနေနေ့ကထွက်ခွာသွားတယ်လို့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတကာတပ်မတော်များကြားဆက်ဆံရေးညွှန်ကြားမှုဌာနက သတင်းထုတ်ပြန်ပါတယ်။
အရင်ကလည်း အဲဒီစစ်ဆင်ရေးနေရာမှာ ကုလသမဂ္ဂကငှားထားပြီး ဘာမန်ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းက မောင်းနှင်ပေးနေတဲ့လေယာဉ်နဲ့ ကိုယ်စားပြုတပ်သား ၁၂၃ ယောက်ကို မေ ၂၉ ရက်မှာပို့ဆောင်ခဲ့ပါတယ်။ အဲဒီကိုယ်စားပြုတပ်ဖွဲ့ဝင်တွေဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုစွမ်းရည်အဆင်သင့်ရှိနေစေရေးစနစ် အရ လျင်မြန်စွာတပ်စွဲမှုအဆင့်သတ်မှတ်ချက်နဲ့ တပ်စွဲခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်ဟာ လျင်မြန်စွာတပ်စွဲမှုအဆင့်သတ်မှတ်ချက်နဲ့ တပ်စွဲခဲ့တဲ့ကုလသမဂ္ဂအဖွဲ့ဝင် ပထမဆုံးနိုင်ငံဖြစ် ပါတယ်။ ဘင်္ဂလားဒေ့ရှ်လေတပ်အမှုထမ်းတွေဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်မှုမစ်ရှင်တွေမှာ ပါဝင်အမှုထမ်းနေ ကြပါတယ်။ အခုပို့လိုက်တဲ့ရဟတ်ယာတွေဟာ CAR က ဘင်္ဂလားဒေ့ရှ်အလတ်စားလက်နက်တပ်ဆင်ထားတဲ့စစ်ရဟတ် ယာဉ်ယူနစ်နဲ့ သွားရောက်ပူးပေါင်းမှာပါ။
Ref-PeopleMedia #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment