Sunday, June 21, 2020

ဆရာမကိုင် လက်ရာမြောက် ခေါက်ထီးခြင်းနှင့် ပန်းတစ်ပွင့်ကြိမ်ခြင်းများ လှိုင်လှိုင်တင်ပို့ပေးနေရ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ မြောင်းဘောင်ရပ်ကွက်တွင် လက်ရာမြောက် ကြိမ်နှင့် ဗေဒါ လက်မှုပစ္စည်းများကို ဒေသအနှံ့ တင်ပို့ရောင်းချလျက်ရှိရာ ကျောင်းဖွင့်ခါနီးကာလ ဆရာမကိုင် လက်ရာမြောက် ခေါက်ထီးခြင်းနှင့် ပန်းတစ်ပွင့်ခြင်းများ လှိုင်လှိုင်တင်ပို့ပေးနေရကြောင်း ကြိမ်နှင့် ဗေဒါ လက်မှုပညာရှင် ဦးမြင့်ဆွေထံမှ သိရသည်။
ဗေဒါဖြင့်ပြုလုပ်သော လက်မှုပစ္စည်းများကို ကြိမ်ပရိဘောဂပစ္စည်းများဖြင့် တွဲဖက်ပြုလုပ်ကြသည်။ ဗေဒါလက်မှုပစ္စည်းများ ပြုလုပ်ရောင်းချရာတွင် ဒေသအခေါ် ဝန်ထမ်းကိုင် ရောင်စုံဗေဒါခြင်း၊ ဗေဒါစလင်းဘက်အိတ်၊ ဗေဒါလက်ဆွဲခြင်းများနှင့် ဗေဒါမီးစလောင်းကလေးများကို အဓိက ပြုလုပ်ရောင်းချပြီး လက်ရှိကာလတွင် ဆရာမကိုင် ခေါက်ထီးခြင်းနှင့် ပန်းတစ်ပွင့်ခြင်းများ ပြုလုပ်ရောင်းချရာ အော်ဒါမှာယူမှု များပြားလာခဲ့သည်။
ဝန်ထမ်းကိုင် ဗေဒါခြင်းများကို အရည်အသွေးအလိုက် သုံးမျိုးခွဲခြား ပြုလုပ်ထားသည်။ အရည်အသွေးပေါ် မူတည်ကာ ဗေဒါခြင်းတစ်လုံးလျှင် ငွေကျပ် ၄၅၀ဝ၊ ၅၀ဝ၀၊ ၅၅၀ဝ ဖြင့် ဖောက်သည် ပေးရသည်။ ဒေသအ ခေါ် ဆရာမကိုင် ခေါက်ထီးခြင်းနှင့် ပန်းတစ်ပွင့်ခြင်း တစ်ခြင်းလျှင် ငွေကျပ် ၅၅၀ဝ ဖြင့် ဖောက်သည်ပေး သည်။ ကျောင်းဖွင့်ခါနီးကာလ ဖြစ်သည့်အတွက် ဆရာမများက အများစုဝယ်ယူနေပြီး ရန်ကုန်မြို့နှင့် အ ခြားဒေသများသို့ လှိုင်လှိုင်တင်ပို့နေရသည့်အတွက် လက်ခစားဖြင့် ခြင်းရက်လုပ်သူများ၊ ကြိမ်နှင့် ပရိဘောဂပစ္စည်း လုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Ref ; Myanmar Digital News

0 comments:

Post a Comment