Saturday, June 20, 2020

ဥရောပပါလီမန် ဥပဒေပြုလွှတ်တော်အမတ်များမှ ဥရောပသမဂ္ဂအနေဖြင့် ဟောင်ကောင်အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံကို ကုလသမဂ္ဂတရားရုံးသို့ ပို့ဆောင်သင့်ကြောင်း ပြောကြား

တရုတ်နိုင်ငံသည် ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေးဥပဒေအသစ် ပြဋ္ဌာန်းခဲ့လျှင် ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံကို The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ပို့ဆောင်သင့်ကြောင်း ဇွန်လ ၁၉ ရက်နေ့က ဥရောပပါလီမန်၌ မဲခွဲဆုံးဖြတ်ခဲ့ကြပါသည်။ ထို့ပြင် တရုတ်နိုင်ငံအား စည်းရုံးနိုင်ရန်အတွက် စီးပွားရေး အင်အားကို အသုံးပြုရန် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုခဲ့ပါသည်။
ဥရောပသမဂ္ဂအစိုးရများမှ ဟောင်ကောင်အပေါ် တရုတ်နိုင်ငံ၏ အမျိုးသား လုံခြုံရေးဥပဒေနှင့်ပတ်သက်၍ အထူးစိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူမျာ၊ သံအမတ်များနှင့် အချို့သော စီးပွားရေးလုပ်ငန်းရှင်များမှလည်း ၎င်းဥပဒေသည် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခြေအနေများကို ထိခိုက် စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဥရောပပါလီမန်တွင် လုံခြုံရေးဥပဒေအပေါ် ကန့်ကွက်ရေးနှင့်ပတ်သက်၍ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅၆၅ မဲ၊ ကန့်ကွက်မဲ ၃၄ မဲနှင့် ကြားနေမဲ ၆၂ မဲ ရှိခဲ့ပါသည်။ ဥရောပ၊ ဩစတြေးလျနှင့် အမေရိကန်နိုင်ငံတို့မှလည်း အဆိုပါဥပဒေသည် ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တစ်နိုင်ငံ၊ စနစ်နှစ်ခုမူဝါဒကို ပျက်စီးစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဥရောပပါလီမန်မှ ဥရောပသမဂ္ဂနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများအား လုံခြုံရေးဥပဒေ အသစ်ကို ပြဋ္ဌာန်းလျှင် အပြည်ပြည်ဆိုင်ရာတရားရုံး၌ အမှုဖွင့်နိုင်ရေး ထည့်သွင်းစဉ်းစား ရန် တောင်းဆိုခဲ့ပါသည်။
ပါလီမန်၏ ဆုံးဖြတ်ချက်များသည် သက်ရောက်မှုမရှိသော်လည်း ၎င်းတို့ပေးသည့် နိုင်ငံရေးအချက်ပြမှုများသည် မူဝါဒများကို ဦးဆောင်နိုင်ပါသည်။ အဆိုပါဆုံးဖြတ်ချက်တွင် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရေးယူပိတ်ဆို့မှုများ ပြုလုပ်နိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားရန် ဥရောပသမဂ္ဂအား တောင်းဆိုထား ပါသည်။
ပါလီမန်မှ ဥရောပသမဂ္ဂသည် လူ့အခွင့်အရေးများအပေါ် တရုတ်နိုင်ငံ၏ နှိမ်နင်း နေမှုကို စိန်ခေါ်ရာတွင် ၎င်း၏ စီးပွားရေးအင်အားကို အသုံးပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂအဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် တရုတ်ဝန်ကြီးချုပ် Li Keqiang တို့သည် ဇွန်လ ၂၂ ရက်နေ့တွင် video conferencing ပြုလုပ်ရန် စီစဉ်ထား ပါသည်။
Source : Channel News Asia
“EU should take China to UN court over Hong Kong, lawmakers say”

0 comments:

Post a Comment