Monday, June 22, 2020

ယနေ့ ရုံးချိန်းတွင် ဒေးဗစ်လားအမှုမှ သက်သေများကို အပြီးစစ်ရန်ရှိကြောင်း သိရ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ တရားဆွဲဆိုထားသော တရားဟောဆရာ ဒေးဗစ်လား နဲ့ ဦးဝေထွန်းတို့ နှစ်ဦးကို ယနေ့ ဇွန် (၂၃) ရက်၊ မနက်ပိုင်းက မရမ်းကုန်းမြို့နယ်တရားရုံးမှာ ခုနစ်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
တရားခံနှစ်ဦးကို ရုံးထုတ်ရာမှာ အရင်ရုံးချိန်ကလို ထီးတွေကွယ်ပြီး ရုံးထုတ်လာတာကို ထပ်မံတွေ့ရပြီး ယနေ့ ရုံးချိန်းမှာ ကျန်ရှိတဲ့ တရားလိုပြ သက်သေတွေကို အပြီးစစ်ဆေးဖို့ ချိန်းဆိုထားကြောင်း သိရသည်။
ဒါ့အပြင် တရားခွင်ကို လေ့လာသူအနေနဲ့တက်ရောက် နားထောင်ဖို့ မကွေးကျောင်းဆရာတော် ဦးပေါမောက္ခက တရားရုံးရှေ့ မှာ ခွင့်တောင်းမိန့်ကြားခဲ့ပေမယ့် ခွင့်မပြုခဲ့ကြောင်း သိရှိရသည်။
COVID-19 ကာလအတွင်း နိုင်ငံတော်က ချမှတ်ခဲ့တဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်ကာ ဘာသာရေးပွဲ ပြုလုပ်ခဲ့တယ်ဆိုပြီး တရားဟောဆရာ ဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်သည်။

0 comments:

Post a Comment