Wednesday, June 10, 2020

တောင်ငူမြို့တွင် တရားမဝင် အနှိပ်ခန်းအား ဖမ်းဆီးအရေးယူ

တောင်ငူမြို့တွင် တရားမဝင်အနှိပ်ခန်း လုပ်ကိုင်နေသောကြောင့် ဆိုင်မန်နေဂျာနှင့် အနှိပ်မယ်အမျိုးသမီး( ၉ ) ဦးတို့အား ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည် ။
တောင်ငူမြို့ ၊ အမှတ် ( ၁ )ရပ်ကွက် ၊ ထီးလှိုင်ကွန် ကရစ်လမ်းဘေးတွင် အမေ့သား အမည်ဖြင့် ဖွင့်လစ်ထားသော ဆိုင်တွင် ယမန်နေ့ည ၁၀ ကျော် အချိန်က တရားမဝင် အနှိပ်ခန်းဖွင့်လစ် လုပ်ကိုင်နေကြောင်း သတင်းအရ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ကြတာလည်းဖြစ်သည်။
စစ် ဆေးချက်အရ အဆိုပါ အမေ့သား အမည်ရှိ ဆိုင်အတွင်း ဆိုင်မန်နေဂျာ အောင်ကိုမင်း ( ၃၃ )နှစ် ၊ ရွှေပြည်သာမြို့ ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် အနှိမ်မယ် အမျိုးသမီး ( ၉ ) ဦးအား အနှိပ်ခန်းနှင့် ပတ်သက်သည့် ဆက်စပ် ပစ္စည်းများနှင့် အတူ တွေ့ရှိခဲ့ကြောင်းသိရသည် ။
ယင်းသို့ တွေ့ရှိခဲ့သောကြောင့် အမေ့သား ဆိုင်ခန်းတွင် တရားမဝင် အနှိပ်ခန်း ဖွင့်လစ်နေသော မန်နေဂျာ အောင်ကိုမင်း နှင့် အနှိပ်မယ် အမျိုးသမီး ( ၉ ) ဦးတို့အား COVID - 19 ကာလအတွင်း အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော အမိန့် / ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ကာ လူစု လူဝေးပြုလုပ်နေသောကြောင့် ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည် ။
Ref ; AlinnMyay

0 comments:

Post a Comment