Wednesday, June 17, 2020

ထိုင်းနိုင်ငံတွင် ဆေးကြောင်ပြီး ဖခင်အား စိတ္တဇဆန်ဆန် ဓါးဖြင့်ခုတ်သတ်ပြီး ငယ်ပါအားဖြတ်တောက်ပစ်ကာ ထွက်ပြေးသွားသည့် သမီးအားညတွင်းချင်း ရဲမှဖမ်းဆီးရမိ

ထိုင်းနိုင်ငံဘန်ကောက်မြို့ လတ်စီစီရင်စုရပ် ၊ လမ်းသွယ် ၃ ၊ အိမ်အမှတ် ၃၀၆ /၁၄၁ တွင် ဇွန်လ ၁၆ ရက်နေ့ ည ၂၀:၀၀ ချိန်တွင် ဖခင်ဖြစ်သူ အသက် ( ၅၈ ) နှစ်အရွယ် နိုင်ကဆဲမ် ဘွန်ယချွန်း ကို သမီးဖြစ်သူ အသက် (၂၉) နှစ်အရွယ် နန်းဘွန်းယဒါ မှ ဓါးဖြင့်ခုတ်သတ်ကာ သွေးများပေကျံလျှက်နေအိမ်မှထွက်သွားကြောင်း အိမ်နီးချင်းမျက်မြင်သက်သေများတိုင်ကြားချက်ကြောင့် " ထုန့်ဆောင်ဟောင့် " ရဲတပ်ဖွဲ့မှတာဝန်ရှိသူများအခင်းဖြစ်ပွားရာနေရာသို့သွားရောက်ကြည့်ရှူ့စစ်ဆေးခဲ့ကြသည်ဟုသိရ ။
အခင်းဖြစ်ပွားရာနေအိမ်သည်တစ်ထပ်အိမ်ဖြစ်ပြီး အိမ်အခန်းထဲတွင် သွေးအိုင်ထဲ၌ လဲကျသေဆုံးနေသောဖခင်၏ ရင်ဘတ်နှင့်နဖူး ညာခြေထောက် ၊ ညာဘက်လက်မောင်းတို့တွင်ဓါးဒဏ်ရာများရရှိကာသေဆုံးနေပြီးအလောင်း၏နံဘေးတွင် သေဆုံးသူ၏ ငယ်ပါအားအပြုံလိုက် ဖြတ်တောက်ကွင်းလှီးထားကာ အိမ်နံရံတွင်သွေးများမြင်မကောင်းအောင်ပေကျံနေသည်ဟုစစ်ဆေးတွေ့ရှိရသည်ဟုသိရ ။
အိမ်နီးချင်းများ၏ပြောပြချက်အရ ဇွန်လ ၁၆ ရက်နေ့ညဦးပိုင်းက ဖခင်ဖြစ်သူသည် သူ၏ခြေထောက်မှဆိုင်ကယ်မှောက်ထားသောဒဏ်ရာအားဆေးရုံတွင်မကြာခဏ အနာဆေးထည့်ရသဖြင့် ဆေးရုံမှပြန်လာပြီးအိမ်ရှေ့မှာနေပြီး ၁၀ မိနစ်ခန့်အကြာတွင် သမီးဖြစ်သူအပြင်မှပြန်လာပြီး သူ့ဖခင်အားအိမ်ထဲဝင်ဘို့ပြောဆိုသံကြားပြီး နောက် သိပ်မကြာခင်မှာ သမီးဖြစ်သူသည် သွေးများပေကျံလျှက်အိမ်အပြင်သို့အေးအေးလူလူ လမ်းလျှောက်ထွက်သွားတာကို အနီးမှလူအမျာမြင်ပြီးမသင်္ကာသဖြင့် ရဲစခန်းသို့အကြောင်းကြားခဲ့တာလို့သိရ ။
သေဆုံးသူ၏ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် နန်းကျီယန်းနိုင်း၏ထွက်ဆိုချက်အရ သူမ၏ခင်ပွန်းနှင့် အိမ်ထောင်ကွဲခဲ့သည်မှာ သမီးငယ်စဉ်ကတည်းဟုဆိုပါသည် ၊ သမီးဖြစ်သူကိုဖခင်ထံအပ်နှင်းခဲ့ပြီး ထောက်ပံ့စရိတ်သာပေးခဲ့ပါတယ် ၊ အဖေဖြစ်သူဟာ သမီးဖြစ်သူကိုဆုံးမတဲ့အခါဆူပူကြိမ်းမောင်းတာတွေရှိခဲ့ပြီး မကြာခဏသားအဖတွေစကားများတယ်လို့သမီးဖြစ်သူကပြောပြပါတယ် ၊ အရွယ်ရောက်လာတော့ မူးယစ်ဆေးသုံးစွဲလာတယ် ၊ ဖခင်ဖြစ်သူသိရှိသွားပြီး ဆေးဖြတ်စခန်းမှာ ဆေးဖြတ်ခဲ့တယ် ၊ အဲ့ဒီနောက် အိမ်ပေါ်ကဆင်းသွားပြီးသူ့ချစ်သူနောက်လိုက်သွားတယ် ၊ သူ့ဖခင်နဲ့လည်းမနေတော့ဘဲ သူ့အိမ်ထောင်နဲ့ သမီးတစ်ယောက်ရခဲ့တယ် ၊ တစ်ခါမကြာသေးမီက သမီး၏ယောကျ်ားက သမီးဖြစ်သူကိုမုဒိန်းကျင့်ခဲ့သဖြင့်ဖမ်းဆီးအရေးယူခံရပြီး အရွယ်မရောက်သေးတဲ့သမီးငယ်ကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနကထိန်းသိမ်းစောင့်ရှောက်ထားတယိလို့ဆိုပါတယ် ။
သမီးဖြစ်သူဟာစိတ်ဒဏ်တွေရရှိပြီး စိတ်ကျမ္မာရေးဆေးရုံမှာ စိတ်ရောဂါကုသမှုခံယူနေသူတစ်ဦးဖြစ်တယ်လို့ ဆေးထောက်ခံစာများအရသိရှိပါတယ် ။
မနေ့ညကရဲတပ်ဖွဲ့မှအပူတပြင်းလိုက်လံရှာဖွေရာ ဇွန်လ ၁၇ ရက်နေ့မနက် ၀၂ :၃၀ ချိန်တွင် ထိုရပ်ကွက်ထဲမှာပင် ဒယိမ်းဒယိုင်ဖြင့်လမ်းလျှောက်နေသဖြင့် ဖမ်းဆီးရမိပြီး ရဲတပ်ဖွဲ့မှ တရားခံအားစစ်ဆေးမေးမြန်းသော်လည်း စိတ်ပုံမှန်အနေအထားမဖြစ်သေးသည့်အတွက် ဖြစ်စဉ်နှင့်ပါတ်သတ်ပြီးဘာတစ်ခုမှမေးမရသေးကြောင်းနှင့် စိတ်ရောဂါအထူးကုဌာနမှဆရာဝန်များထံအကြောင်းကြားထားဆဲဖြစ်ကြောင်းသိရှိရပါသည် ။
Crd : Si Thu Maung #Myanmar_Online_News

0 comments:

Post a Comment