Monday, June 8, 2020

"သီတဂူဆရာတော်ကြီးမှ သီလရှင်တိုက်ပေါင်း ၃၇၇ ကျောင်းသို့ ဆန်-၁၆,၁၇၇ အိတ်၊ ဆီ-၁၆,၃၇၇ပိသာတို့ကိုလှူဒါန်းရန်စတင်ပြင်ဆင်”

သီတဂူဆရာတော်ကြီးသည် ၈-၆-၂၀၂၀ ရက်နေ့ နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ် အတွင်း ၁၀ ပါးအထက်သီတင်းသုံးနေထိုင်ကြသည့် သီလရှင်တိုက်ပေါင်း ၃၇၇ ကျောင်းရှိ သီလရှင် ၁၆၃၇၇ ပါး တို့အတွက် ဆန်-၁တင်း၊ ဆီ-၁ပိသာနှုန်းဖြင့် လှူဒါန်းသွားရန် စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။
၈-၆-၂၀၂၀ ရက်နေ့ နေ့ခင်း ၁:၀၀ နာရီအချိန်မှစတင်၍
-တောင်ဒဂုံ
-မြောက်ဒဂုံ
-တောင်ဥက္ကလာ
-မြောက်ဥက္ကလာ
-သာကေတ
၅ မြို့နယ်မှ ၄၆ ကျောင်း၊ ၂၇၂၈ ပါးတို့အတွက် စတင်လှူဒါန်းပါမည်။
မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်သည်။
ကျန်သည့် ၂၄ မြို့နယ်မှ ကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် သာသနာရေးဌာနများမှတဆင့် အရောက်ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
.
Compassions into Action!!
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
Posted / Photo by သီတဂူသတင်း၊သီတဂူကျော်ဆန်းဝင်း

0 comments:

Post a Comment